နောက်တစ်ချက် သားကသူအဖေအတိုင်း စိတ်ကြီးကာ ဒီအရွယ်လေးနဲ့ စိတ်တိုတက်သလို ငယ်ငယ်ကထဲကပဲ Alpha ဇာတ်ရုပ်ပြသလားမှတ်ရအောင် အရုပ်တွေကို ပစ်ပေါက်တာတို့ ဖျက်ဆီးတာတို့ ပြုလုပ်တက်သေးသည်။

(A/N  Candy part 1တုန်းက omegaverse အကြောင်းရှင်းပြတုန်းက male omegaကသာ ကလေးမွေးခဲ့ရင် 100% ထိုကလေးဟာ စွမ်းအားကြီးတဲ့ Alphaတစ်ယောက်လို ရွှေရည် အစကထဲက ကြိုရေးထားခဲ့ပါတယ်နော် ဒါ့ကြောင့် ကွမ်းကွမ်းဟာ Alphaဖြစ်ပါတယ် Alphaတောင် dominant Alphaဖြစ်မှာပါ အကယ်၍ ထိုအကြောင်းကိုမေ့နေရင် အပိုင်း၁မှာ ပြန်သွားဖတ်ကြည့်လိုရပါတယ်)

အခုလည်း ထမင်းစားခန်းရှိ ကလေးထိုင်ခုံလေးထက််မှာ သွားရည်ခံလေးနှင့် ထမင်းစားရန်ငြင်းဆန်နေသည့် သားအား စစ်လျန် မချစ်တော့ဘူးဟု့ ချိန်းခြောက်နေရခြင်းပင်။

နောက်ဆုံးတစ်လုပ်သာ ကျန်တော့တာမို့ ချော့မော့ကျွေးနေရတာဖြစ်သည်။

"ဒီတစ်လုပ်ပဲကျန်တော့တာ၊ ပါးပါး ဖရဲသီးလေးက လိမ်မာပါတယ် အာ ဟပါဦး.."

မရမက ချော့မော့ကျွေးပြီးကာမှပဲ ဖရဲသီးလေးအား စစ်လျန် နေလည်စာ ကျွေးပြီးတော့လေသည်။

"မြေးလေးကိုကျွေးပြီးပြီးဆိုတော့ သခင်လေးနေလည်စာ စား‌ေတာ့မလား"

ကွမ်းကွမ်းကို နေလည်စာကျွေးပြီးတာနဲ့ သွားရည်ခံလေးကို ချွတ်ပေးရင်း စနောက်နေတဲ့ စစ်လျန်အား ဦး‌ေလးဖူက ဂရုတစိုက် မေးလာတာကြောင့် ငြင်းဆန်ရလေသည်။

ဒီနှစ်တွေအတွင်းမှာ စစ်လျန်ဟာ အိမ်တော်ထိန်းကြီးအား ရင်းရင်းနှီးနှီး ဦးလေးဖူဟုသာ ခေါ်ဝေါ်ခဲ့လေတော့သည်။

"ကျွန်တော် မစားသေးဘူး ဦးလေးဖူ  ခဏနေ Darling အိမ်ပြန်လာမှပဲ တူတူစားလိုက်တော့မယ် "

"ကောင်းပါပြီ သခင်လေး.."

"ဟုတ်ကဲ့ ဒါနဲ့ ဦး‌ေလးဖူ တို့ရော နေလည်စာမစားကြသေးဘူးလား"

"ဦးလေးတို့က နောက််မှပဲ.."

"နောက််မှပဲမလုပ်ပါနဲ့ ဦးလေးဖူရဲ့ ဘာပဲဖြစ်ဖြစ် Darlingလည်း ပြန်မလာသေးဘူးဆိုတော့ စားနှင့်ကြပါ ကျွန်တော်တို့က ဘာမှမဖြစ်ဘူး"

Candy(U+Z)[Complete]Where stories live. Discover now