Part (30) Uni/Zawgyi

Start from the beginning
                                    

"ကိုယ်ပြောတာကိုနားထောင်"

မွန်းက သူ့ကို စိတ်လှုပ်ရှားနေတဲ့မျက်လုံးနဲ့ကြည့်နေပြီး ခေါင်းညိတ်လျှင် အတ္တက ကုတင်ရဲ့ဘယ်ဘက်က ပြတင်းပေါက်တစ်ချက်ကိုအသာဖွင့်ပေးလိုက်သည်။

"Baby ခုန်နိုင်လား"

မွန်းမှာ ပြတင်းပေါက်ကနေအောက်ငုံ့ကြည့်လိုက်တော့မြေပြင်နှင့် ၅ပေလောက်ကွာနေသည်ဖြစ်ရာ
"ဟင်!"
ဂါ၀န်ကြီးနဲ့လည်းဖြစ် ဒေါ်ဖိနပ်ကလည်းစီးထားသဖြင့် မအီမသာဖြစ်နေသော သူမမျက်နှာလေးကို လက်နှစ်ဖက်နှင့် ဖိကိုင်လိုက်ပြီး

"ဆောရီး ကိုယ်လည်းဒီလိုဖြစ်မယ်ဆိုတာကြိုမသိလို့ မပြင်ဆင်ခဲ့ရဘူး"

"ဟင့်အင်း မွန်း ဘာလုပ်ရမှာလဲသာပြောတာ"

"ဒီကနေ ထွက်ပြီးရင် အခြေအနေကြည့်ပြီး ကိုယ့်ကိုကားပေါ်ကစောင့်"

"ဟင် ကိုကရော... ကိုရော... မလိုက်ဘူးလား"
စိတ်ပူသွားတဲ့သူမကမျက်ရည်လွယ်လွန်းပါရဲ့။

"ကိုယ် ဒီတိုင်းလိုက်လို့မရဘူး စိတ်မပူနဲ့ Baby မင်းသာအရင်လွတ်အောင်ပြေး"

အတ္တက ပြောလဲသူ သူမခန္ဓာကိုယ်လေးကို ပွေ့ကာ ပြတင်းပေါက်ဘောင်ပေါ်တင်ပေးလိုက်တဲ့အခါ မွန်းဟာ ဒေါက်ပါသောရှူးဖိနပ်နှစ်ခုကို ချွတ်ပြီး လက်ကနေကိုင်ထားလိုက်သည်။

"1. 2. 3 ခုန်"

အတ္တက အမိန့်ပေးတာနဲ့ မွန်းလည်း မျက်စိစုံမှိတ်ကာ ခုန်ချလိုက်ပြီး ပုံရပ်လေးလဲသွားရာမှ ပြန်ထ လိုက်သည့်အခါ အတ္တက အပေါ်မှနှုတ်ခမ်းမပွင့်ပဲပြုံပြရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

မွန်းလည်း အတ္တမှာတဲ့အတိုင်း အိမ်ထောင့်မှာကပ်ကာ ခြံ၀န်းထဲသို့ချောင်းကြည့်ရာ၌ သူမတို့စီးနှင်းလာသော အတ္တရဲ့ကားအပြင် အခြားသော အနက်ရောင်ကားနှစ်စီးလည်းရောက်နေသည်။

====

အတ္တက သူမ အိမ်ရှေ့ရောက်နိုင်မဲ့အချိန်ကိုမှန်းကာ အခန်းကလော့ကို အပြင်မှလူတွေကြားနိုင်လောက်တဲ့အထိ အသံမြည်အောင် ဖွင့်ပေးလိုက်သည်။

ချလပ်!

တံခါးပွင့်မလာပဲလော့သံသာကြောင့် သေနတ်နှင့် လူတစ်ယောက်က တံခါးကိုလာဖွင့်ရာ တံခါးနောက်တွင်ပုံးနေသောအတ္တက သူငယ်ငယ်ကကစားခဲ့တဲ့ဘေ့(စ်)ဘော တုတ်ဖြင့် ခေါင်းကို ၃ချက်မျှရိုက်ချပစ်လိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now