(zawgyi font)

79 9 3
                                    

Alfonso

-(၁) -

အသက်မဲ့တဲ့ အရာတိုင်းဟာ အသံပါမဲ့ပြီး တိတ်ဆိတ်သွားတတ်တယ်တဲ့။ဒါပေမဲ့ တယ်လီဖုန်းလိုင်းတွေ နဲ့ နှလုံးခုန်နှုန်းတိုင်းစက်တွေနဲ့ တူတဲ့ အချက်တစ်ခုက ဘာလဲသိလား ။ သူတို့ နှစ်ခုလုံးဟာ အရာရာအသက်မဲ့သွားတဲ့ အချိန်ကျမှ အသံတွေ တစ်ဆက်တည်း ထွက်လာတတ်တာပဲ။

စကားပြောတာကိုရပ်ပြီး တစ်ဖက်ဖက်က ဖုန်းချသွားတဲ့အခါ ၊ နှလုံးခုန်သံရပ်ပြီး တစ်စုံတစ်ယောက် အသက်မဲ့သွားတဲ့ အခါ ဗလာနတ္တိဖြစ်သွားတဲ့ လေဟာနယ်တစ်ခုရဲ့ အသံလိုမျိုး ကို ကြားရတယ် ။ ဖုန်းလိုင်းနဲ့ နှလုံးစက်ရဲ့ တုန်ခါမှုကြိမ်နှုန်းခြင်းမတူပေမယ့် ကျွန်တော်တစ်ခု အံ့ဩမိတာက အသက်မဲ့ခြင်းဟာ အရာအားလုံးကို တိတ်ဆိတ်သွားစေတတ်သလောက် သူတို့ နှစ်မျိုး အတွက်တော့ အသက်မဲ့ခြင်းဟာ တရစပ်ထွက်ပေါ်လာတဲ့ ညီညာတဲ့ အသံလှိုင်းတွေ ကို ကိုယ်စားပြုတယ် ။

Elvin ဖုန်းချလိုက်တဲ့ အချိန်မှာ ကျွန်တော့်ဘက်က ကျန်ခဲ့တာ ဗလာလေဟာနယ်တစ်ခုရဲ့ အသံပဲ ။ ဖုန်းချပြီးတဲ့နောက် ဖုန်းလိုင်းရဲ့ တစ်ဖက်မှာ ဘယ်လိုကြားရလဲဆိုတာကို လုံးဝမသိတဲ့ သူက တစ်ကိုယ်ကောင်းဆန်တဲ့ သူဖြစ်လို့ပဲနေလိမ့်မယ်။

အခန်းရဲ့လေထုဟာ နံရံတွေလိုပဲ မီးခိုးရောင် ။ တီဗီဖန်သားပြင်က လာတဲ့ အလင်းနဲ့ပဲ အခန်းထဲက အရာအားလုံးက မြင်နေရတာ ၊ ကျွန်တော် သက်ပြင်းချပြီး နာရီကို ထပ်ကြည့်တယ် ။ Elvin နောက်သုံးနာရီ နေရင်

ဖုန်းထပ်ခေါ်လိမ့်မယ် ပြောတာပဲ ။ Elvin ဟာ ကတိတည်ပြီး အချိန်တိကျတဲ့ ယောက်ျားတစ်ယောက် ။

ကျွန်တော်ကတော့ သံယောဇဉ်များတဲ့ တွယ်ရာမဲ့လူ။

အာခေါင်တွေ ခြောက်လာပြီး ရေခဲသေတ္တာအပေါ်ကန့်ထဲက ရေခဲရေကရားကို ယူသောက်ပြီး ပြန်အပိတ် ရေခဲသေတ္တာတံခါးမှာကပ်ထားတဲ့ ကျွန်တော်တို့ စုံတွဲပုံက အခန့်သား ။ Elvin က အင်္ကျီအဖြူလက်ရှည်ကို ဝတ်ထားတယ် ၊ အရပ်မြင့်မြင့် မျက်နှာထားတည်တည်နဲ့ Elvin က တအားရင့်ကျက်လို့ ကျွန်တော်နဲ့ သက်တူရွယ်တူ အသက်အစိတ် လို့ တောင် မထင်ရဘူး ။

Alfonso (Yaoi one shot/ BL) Where stories live. Discover now