~1~

24.6K 1K 164
                                    

Unicode
_________

အဲ့ဒီနေ့က ကျွန်တော့်ဘဝမှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုနဲ့ ကြုံခဲ့ရ​တဲ့ နေ့တစ်နေ့။

"သားလေး..ကုကုလေးရေ။ ဒီမှာ သားရဲ့ ကိုကို ပါလာပြီ"

ကျွန်တော့် မေမေ။ တစ်နည်းအားဖြင့် မွေးစားမေမေ၏ ခေါ်သံအဆုံးမှာ တိုက်ကြီးထဲ ကလေးတစ်ယောက်ထွက်လာခဲ့သည်။ အသက် ၆ နှစ်အရွယ်နဲ့ မလိုက်ဖက်အောင် တည်တင်းနေတဲ့ မျက်နှာထားကကျွန်တော့်ကို မြင်တော့ မလိုလားမှုတွေအပြည့်နှင့် ဖြစ်သည်။ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက လူမျိုးစုံရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး နေခဲ့ရတာမို့ ထိုကောင်လေးရဲ့ ကျွန်တော့်အပေါ်ထားတဲ့ မနှစ်မြို့မှုတွေကို စက္ကန့်ပိုင်းအတွင်းမှာ အမိအရဖမ်းယူနိုင်ခဲ့ပါသည်။

"သူ့နာမည်က ဘယ်သူလဲ"

လူကြီးတစ်ယောက်လို မေးခွန်းထုတ်လိုက်တဲ့ ကောင်လေးရဲ့ စကားကြောင့် မေမေတို့တွေက သဘောတကျ ရယ်လိုက်ကြပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ခဲ့ပါ။ ပိုပြီး အနေကျုံ့သွားသလို ခံစားလိုက်ရတာမို့ လက်နှစ်ဖက်ကိုပဲ ခပ်တင်းတင်းဆုပ်ထားမိလိုက်သည်။

"သူ့နာမည်က ဆော့ဂျင်တဲ့။ ဂျွန်အိမ်တော်ရောက်လာပြီဆိုတော့ ဂျွန်ဆော့ဂျင်ပေါ့။ သားထက် ၅နှစ်ကြီးတယ်။ ကြည့်ပါဦး..သားရဲ့ ကိုကိုက ချစ်စရာမကောင်းဘူးလား။ ပါးဖောင်းဖောင်း နှုတ်ခမ်းလုံးလုံးလေးနဲ့ အရုပ်​လေးကျနေတာပဲ"

မေမေက အသည်းယားစွာဖြင့် ကျွန်တော်ပါးနှစ်ဖက်ကို ဖွဖွလေး လာဖျစ်သည်။ထိုကောင်လေးက ချက်ချင်းပဲ အနားကိုရောက်လာပြီး ကျွန်တော့်ပါးပေါ်က မေမေ့ရဲ့လက်တွေကို ဖယ်ပစ်သည်။

"သား..သူ့ကို မလိုချင်ဘူး"

ကျွန်တော့်မျက်လုံးတွေ ဝိုင်းသွားသည်။

ဘုရားရေ။ ဒီကောင်လေးက ကလေးတောင်ဟုတ်ရဲ့လား။ ဒါက ၆ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ငြင်းဆန်တဲ့စကားတဲ့လား။

"သားသား ကလည်းကွယ်..အဲ့လိုမပြောရဘူးလေ"

မေမေက ဟန့်တားလိုက်ပေမယ့် အဲ့ဒီညနေက အစပျိုးခဲ့သည့် မနှစ်မြို့ခြင်းများစွာဖြင့် အုံဖွဲ့နေခဲ့တဲ့ ကောင်လေးရဲ့ မျက်လုံးတွေကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိနေခဲ့ပါသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now