4

90 21 0
                                    

[Zawgyi]

Matchmaking Alternative (1.4)

Owl Wing Company ကို စဝင်တဲ့နေ့ကထဲက နိုနိုက ထူးဆန်တာတစ်ခုကို သတိထားမိတယ်

နေတိုင်းလိုလို သူမရဲ့ mail box ထဲကို လမ်းညွှန်စာရွက်တွေ ပို့လာပြီး လုပ်ငန်းဆင်းတော့မယ့်အချိန်ရောက်တိုင်း သူမရဲ့ အထက်အရာရှိထံသို့ တနေ့တာလုပ်ဆောင်ချက်တွေကို ပြန်ပြီးတင်ပြရတယ် ။ ဒီလုပ်ဆောင်ချက်တွေက ရှောင်းရီထံ မရောက်မှီ ထုတ်လုပ်ရေးခေါင်းဆောင် ၊ စီမံရေး ခေါင်းဆောင်၊ သက်ဆိုင်ရာမန်နေဂျာများ ထံသို့ အရင် ရောက်ရှိသွားတယ် ။

အဲ့ဒီနောက် နိုနို တွေးမိတာက ၊ရှောင်းရီက သူဠေးတစ်ယောက်အနေနဲ့ ဒီလို ဆင်တူရိုးမား email တွေဘယ်လောက်များများ လက်ခံနေရမလဲ? ၊ သူမက အလုပ်သင်လေးပဲလေ ဘာလို့သူ့စီကိုပါ နေ့တိုင် mail ပို့ပြီးတင်ပြနေရတာလည်း ၊ သူ့ ရဲ့ mail box ထဲမှာ mail တွေပြည့်နေမှာပေါ့ ။

သူမရဲ့သူဠေးမှာ email တွေကို စီမံခန့်ခွဲပေးမယ့် ဝန်ထမ်းတစ်ယောက်ရှိနေတယ်ဆိုတာကို နိုနိုဟာ မသိခဲ့လေဘူး၊ အဲ့ဒီ ဝန်ထမ်းက email တွေကို အရေးကြီးတဲ့ဟာ၊ အရေးမကြီးတဲ့ဟာ၊ ကိုယ်ရေးကိုယ်တာ၊ လုပ်ငန်း စသည်ဖြင့် သီးခြားစီ ခွဲပြီးမှ ရှောင်းရီထံတင်ပြရတာဖြစ်တယ် ။

များသောအားဖြင့် သူမရဲ့သူဠေးက အရမ်းကိုအလုပ်များသောကြောင့် email တွေကို သူကိုယ်တိုင်စစ်လေ့မရှိဘူး ၊ အရေးကြီးတာတွေလောက်ပဲ ကြည့်လေ့ရှိတယ်။ ကံမကောင်းစွာပဲ နိုနိုကို ကောင်းကင်ဘုံက မျက်နှာသာမပေးခဲ့ဘူး။

ဒီအပတ်မှာတော့ သူမရဲ့သူဠေးက email တွေကို သူကိုယ်တိုင်စစ်ကြည့်ဖို့ရာအတွက် အရမ်းကိုမှ အားနေတယ် ။ " Ding " email ဝင်လာတာနဲ့ ရှောင်းရီက တန်းပြီးဖွင့်ကြည့်လိုက်တယ် ။ တစ်ချက်နှိပ်လိုက်တာနဲ့ ဒီအပတ်တနင်္ဂနွေရဲ့ အချိန်ပိုသင်တန်းက report တွေ၊ သူမရဲ့အခြေအနေက မရှင်းလင်းပေမယ့် သူမရဲ့သူဠေးကတော့ သူမလို အလုပ်သင်ပေါက်စလေးကို ဆူပူကြိမ်းမောင်ဖို့ အချိန်တွေအားနေခဲ့တယ် ။

သူမအပါအဝင် လူတိုင်းက တင်ပြဖို့ရာအတွက် ဆန္ဒရှိကြတယ်

ဒါပေမယ့် ဒီအခြေအနေမှာတော့ နိုနိုအတွက် မသေချာတော့ဘူး ။

အကျင့်မကောင်းတဲ့ သူဠေး... မပြေးနဲ့  (MM-translation)Where stories live. Discover now