3

117 20 0
                                    

[Zawgyi]

Matchmaking Alternative (1.3)

ထိတ်လန့်သွားတယ်....

နိုနိုရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းနေတယ်၊ ခုချိန်ထိ သူမ ငြင်းခုန်ချင်နေတုန်းပဲ ၊ " ကျွန်မမလာခင်ထိ ရှင်ဘာလို့ ဓါတ်လှေကားကို မပိတ်တာလည်း "
ဒီစကားကိုကြားလိုက်တာနဲ့ ရှောင်းရီက လှည့်ကြည့်လာပြီး " ဘယ်သူက ကျွန်မကိုစောင့်ပါအုန်းဆိုပြီး ဓါတ်လှကားတံခါးနားထိ အော်နေတာလည်း " နိုနို မည်သို့ပြန်ဖြေရမလဲဆိုတာကို လုံးဝစဉ်းစားမရတော့ပဲ ရှောင်းရီကိုသာ ကြည့်နေလိုက်တယ် ။ ကြည့်ရတာ သူမ ဓါတ်လှေကားကို စောင့်ပါအုန်းလို့ တကယ်ကြီးပြောခဲ့တာပဲ ။

သူမခေါင်းပေါ်မှာ ???? တွေနဲ့ပြည့်သွားတယ် ၊ အရမ်းကို စိတ်ရှုပ်ထွေးနေတယ်

ရှောင်းရီက နောက်ပြန်လှည့်မကြည့်တော့ပဲ သူ့ရဲ့ ရုံးခန်းထဲကို တည့်တည့်မတ်မတ်သွားလိုက်တယ်၊ သူမ သူဠေးရဲ့ နောက်ကျောကိုကြည့်ရင်း ခနတာငေးမောနေရာမှ သတိပြန်ဝင်လာပြီး " ahh.... ငါနောက်ကျနေပြီ " သူမ ရိုးရိုး ဓါတ်လှေကားစီကို ပြေးသွားလိုက်တယ် ။

နိုနိုက အတိအကျကိုတွေးနေတယ် ၊ Blind date ကိစ္စနဲ့ ဓါတ်လှေကားအတူစီးမိတဲ့ ကိစ္စနှစ်ခု ဖြစ်ပြီးတဲ့နောက်မှာတော့ သူမသူဠေးက သေချာပေါက် သူမကို အလုပ်ထုတ်ပစ်တော့မှာပဲ။ ရလဒ်အနေနဲ့ တနင်္လာနေ့မှာလည်း ဘာလှုပ်ရှားမှုမှမရှိဘူး သူမသူဠေးက အရမ်းကိုအလုပ်များနေတာပဲ၊ အစည်းအဝေးပေါင်းများစွားကိုလည်း တက်နေရတယ် ။ အင်္ဂါနေ့မှာလည်း ဘာလှုပ်ရှားမှမှမရှိဘူး ၊ Fei long (Fat Dragon) production အဖွဲ့ရဲ့ project list အတွက် သူဠေးတို့က ဈေးကွက်ထဲထိုးဖောက်ဝင်ရောက်ဖို့ရာအတွက် အကြံညဏ်ကောင်းတွေထွက်လာဖို့ရာ ဆွေးနွေးတိုင်ပင်နေကြတယ်လို့ ကြားခဲ့ရတယ်။ ဗုဒ္ဓဟူးနေ့မှာလည်း ဘာလှုပ်ရှားမှုမှမရှိခဲ့ဘူး ။ ဒီလိုပဲ ကြာသပတေးနေ့နဲ့ သောကြာနေ့မှာလည်း ငြိမ်းချမ်းနေခဲ့တယ်။ အဲ့နောက်မှာတော့ နိုနိုက စတင်ပြီး တွေးတောလာခဲ့တယ် ....

သေချာပေါက်ကို သူမသူဠေးက သူမတွေးနေသလိုမျိုးတွေ တွေးမိမှာမဟုတ်ဖူး၊ အတိအကျပဲ သူမသူဠေးက သူမလို့ အစမ်းခန့်ဝန်ထမ်းပေါက်စလေးကို ဘယ်လိုလုပ် စိတ်ထဲထားနေမှာလည်း ၊ သူမသူဠေးက သူမလုပ်ခဲ့တဲ့ အမှားတွေကို သေချာပေါက် မေ့သွားလောက်ပြီ ။

အကျင့်မကောင်းတဲ့ သူဠေး... မပြေးနဲ့  (MM-translation)Where stories live. Discover now