အပိုင်း ၁၇

Start bij het begin
                                    

"ရေပတ်တိုက်ဖို့ ပြင်လာလိုက် နုနု..."

ကိုယ့်အခန်းဆီပဲ ခေါ်လာကာ အိပ်ရာပေါ်အသာချရင်း အပူရှိန်ကြောင့် နီမြန်းနေသော မျက်နှာလေးကို ငုံ့ကြည့်မိသည်... နေမကောင်းဖြစ်တိုင်း ဆေးတိုက်တိုင်း သူ့ဆီကို အမြဲပြေးလာကာ ပုခုံးကြားခေါင်းဖွက်ထားရင်း လည်တိုင်ကို ဖက်တွယ်ထားတတ်သော ကလေးသည် အခု အခန်းကျဥ်းလေးထဲက ကုတင်ပေါ်မှာ တစ်ယောက်တည်း ကွေးကွေးလေး လဲလျောင်းနေရသည်...ပေါက်ခနဲ ကျသွားသော မျက်ရည်တစ်စက်ကို သစ္စာ မထိန်းချုပ်လိုက်နိုင်ပေ...

"သခင်မလေး ...ဒီမှာ...."

ရေထည့်ထားတဲ့ကြွေဇလုံနဲ့ ပုဝါအသေးလေးကို ကမ်းပေးလာသော နုနုမှာ ဒီဘက်အလှည့် မြင်လိုက်ရတဲ့ သခင်မလေးရဲ့ မျက်ရည်တွေ စိုစွတ်နေတဲ့ မျက်ဝန်းတွေကြောင့် ကြောင်သွားကာ ဆက်ပြောဖို့စကားပါ ရပ်သွားရသည်...

"ဟို...ဆရာဝန်ခေါ်ဖို့က ဒီအချိန်ကြီးဆိုတော့..."

"မိုးလင်းမှခေါ်မယ်...နင်တို့ အပြင်မှာသွားစောင့်နေတော့..."

နုနုထွက်သွားမှ ရွှေရုပ်လေးကို အသာထူကာ ရေပတ်တိုက်ပေးရသည်... ကယောင်ကတမ်းနဲ့ ရွှေရုပ်က လည်တိုင်ကို လာဖက်တွယ်ကာ ငြီးငြူနေသည်...

"မမ...ဒီနေ့ကျောင်းမှာလေ ဆရာမကပြောတယ်သိလား..."

"ဟုတ်လား...ဘာပြောတာလဲ ကလေးရဲ့..."

"ကိုယ့်ကိုမကောင်းကြံမယ့်သူနဲ့ သူငယ်ချင်း မလုပ်ရဘူးတဲ့..."

"အင်းလေ...ဆရာမပြောတာ ဟုတ်တာပေါ့ ကလေးရဲ့..."

"ဒါပေမယ့် မီးမီးက ကိုယ့်ကို ကောင်းတဲ့သူ မကောင်းတဲ့သူကို ဘယ်လိုခွဲရမှာလဲ..."

"အဲဒါက ပုံသေမရှိဘူး ရွှေရုပ်လေးရဲ့... သူ့ရဲ့ အပြုအမူတွေ အပြောအဆိုတွေကို အကဲခတ်ပြီးမှ လူကောင်းလူဆိုးဆိုတာ ခွဲခြားလို့ရတာ..."

"ဟင် ခက်လိုက်တာ...မီးမီးတော့ အဲလိုမခွဲတတ်ပါဘူး..."

"အဲလိုမရဘူးလေ ကလေးရဲ့..."

"ရတယ်...မီးမီးက အဲဒါဆို မမတစ်ယောက်တည်းနဲ့ပဲ သူငယ်ချင်းလုပ်မှာ...မမဆို မီးမီးကို ဘယ်တော့မှ မကောင်းကြံမယ့်သူမှ မဟုတ်တာ..."

ရွှေရုပ်Waar verhalen tot leven komen. Ontdek het nu