Part (22) Uni/Zawgyi

Start from the beginning
                                    

"ဘာလဲ မင်းကမယုံတာလား "

အတ္တက ငြိမ်နေသောကြောင့် ဂျော်နီကဆက်ပြီး
"မေသုခရဲ့ အဖေ လည်း မနေ့က ကာစီနို မှာအပြတ်အသတ်ထိသွားတာ"
ဒီလိုဆိုတော့လည်း ဂျော်နီပြောတာဟုတ်နေမလားဟုစဥ်းစားမိသည်။အန်ကယ်ဂျွန်က လောင်းကစားမက်မောသူတစ်ယောက်ဖြစ်သည်။

ငါ မွန်းနဲ့အနားယူနေတဲ့ အချိန်၁ပတ်လောက်အတွင်းမှာ ဘာတွေဖြစ်ကုန်တာလဲ။
မေ ငါ့ကိုမဆက်သွယ်ပါဘူး ထင်ထားတာ သူတကယ် ဒုက္ခရောက်နေတာလား။
အရင်ကဆို မေဟာ အတ္တ ဒဏ်ရာရရင် ၁ရက်ခြားတစ်ခါဖုန်းဆက်လေ့ရှိသူဖြစ်သည်။

"အဲ့မှာပဲ အကုန် ပြောင်သွားတာ "
"မင်းကဒီကိစ္စပြောပြချင်လို့ငါ့ကိုသပ်သပ်ချိန်းတာလား "
အတ္တကကုန်သွားတဲ့စီးကရက်အား ဆေးလိပ်ခွက်ထဲသို့ပစ်ထည့်ပြီးပြောလိုက်သည်။

မေဒုက္ခရောက်နေတဲ့ကိစ္စဟာ သူမပြောလည်း တစ်နေ့အတ္တသိရမည့်ကိစ္စဖြစ်သလို ဒီအကြောင်းပြောဖို့သပ်သပ်ရန်သူကိုချိန်းတယ်ဆိုတာကတော့ရုပ်ပေါက်လွန်းသည်။

"ငါက ငါ့ကိုဓားနဲ့ချောင်းပြီးနှောက်ယှက်တဲ့ကိစ္စလာရှင်းတာ "

"အို ဟိုး အဲ့တာငါလို့ပြောချင်တာလား "

"ပြောချင်တာမဟုတ်ဘူး ပြောတာ မင်းဆိုတာ ငါသေချာသိနေတာပဲ"
အတ္တစကားကြောင့် ဂျော်နီ့ မျက်နှာတည်သွားသည်။

"ဆိုပါဦး ဘာအတွက်လဲ "

အတ္တက မျက်ခုံးတစ်ချက်ပင့်ပြီးမေးလိုက်တော့
"ငါရှင်းမပြနိုင်ဘူး ဒါပေမဲ့ အဲ့ဒီအချိန်လေးတွင်းမှာ မင်းရဲ့ လျှို့ဝှက်ချက် အာ... အားနည်းချက်လို့ပြောရင်ပိုကောင်းမယ် ငါသိလိုက်ရတယ်"
ထင်သည့်အတိုင်း ဂျော်နီဟာ အတ္တမသိအောင် တစ်ခုခုစီစဉ်နေခြင်းဖြစ်သည်။

"မင်း က သိပ်လျှိုနေပါလား ဘာလဲ  ငါ့ကိုမနိုင်မှာဆိုးလို့လား "

အတ္တက ခနဲ့စွာပြောလိုက်တော့ ဂျော်နီ့မျက်နှာပိုတင်းသွားပြီး
"မေသုခ ဆရာ၀န် ဖြစ်စက ဒီလောကမှာ ဘယ်လောက်နာမည်ကြီးလဲ မေ့တုန်းကလည်း မင်း ငါ့ဆီကလုသွားတာပဲ ...."
ရုတ်တရက်ကြီး အတိတ်ကအကြောင်းအရာတစ်ခုကိုပြန်ဖော်နေသောဂျော်နီပင်ဖြစ်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now