Part (21) Uni/Zawgyi

En başından başla
                                    

"ကျစ်  မွန်း  ကိုယ်က မေးရင် ဖြေမှကြိုက်တာနော် "

မွန်းက ခေါင်းလေးပိုငုံ့လို့ မျက်ရည်စလေးတွေကို မျက်တောင်ရှည်ရှည်တို့ဖြင့်ပုတ်ထုတ်ပစ်လိုက်၏ ။

အတ္တသည် သူမလက်ထဲက အင်္ကျီကို လှမ်းယူလိုက်၍  လက်လျှို၀တ်ကာ ကြယ်သီးမတပ်သေးပဲ
ဘာတွေခံစားနေမှန်းမသိတဲ့ သူမရဲ့ မသက်မသာမျက်နှာလေးကြောင့်

"ဟင်း...."
သက်ပြင်းဖွဖွချ၍ သူ့ရဲ့ ဗလာကျင်းရင်ဘက်နဲ့သူမခေါင်း၀င်တိုက်သွားသည်အထိ လက်တစ်ဖက်ကို အရှိန်ပါပါလှမ်းဆွဲလိုက်ကာ သူမခေါင်းလေးအား ရင်ခွင်မှာကပ်စေကာ မှေးစက်စေလိုက်သည်။

သူမကိုမုန်းသည်ဖြစ်စေချစ်သည်ဖြေစေ ဒီလို စိတ်မချမ်းသာတဲ့သူမမျက်နှာလေးကိုမမြင်ချင်တာတော့အမှန်ပါ။

"ဟင့် ဟင့် အဟင့် "
တရှုံ့ ရှုံ့ ငိုသံကြောင့် အတ္တ ပို၍ မျက်မှောင်ကျုံ့သွားရသည်။

မျက်ရည်တွေက သူ့ရဲ့အဖြူရောင်ရင်အုပ်ပေါ်မှာစိုရွှဲနေသည်မို့ သုတ်ပေးရန် သူမမျက်နှာလေးကိုသူ့လက်နှစ်ဖက်ဖြင့်ဆွဲမော့လိုက်လျှင် မဖက်ထားစဖူး  သူမရဲ့လက်တွေက ကြယ်သီးမတပ်ရသေးတဲ့အင်္ကျီအ​ဖြူအပေါ်မှ သူ့ရဲ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလေ၏ ။

ရှင် ကျွန်မ မျက်ရည်တစ်ခါမြင်ရင်ကျွန်မတစ်ခါရှုံးတာပဲ မမြင်တာပိုကောင်းလိမ့်မယ်။

"မွန်း  ဘာဖြစ်နေတာလဲ ကိုယ့်ကို ပြောလေ"

သူနူးညံ့ပြလေပိုခံစားရလေပဲ ဒီလိုနူးညံ့မှုတွေနဲ့မွန်းကိုအနိုင်ယူနေတာ မွန်းစိတ်ကိုကပျော့လွန်းတာပါ ။
သူ့ရင်ထဲမှာ ရှိတာမွန်းမှမဟုတ်တာ မွန်းကိုကစားနေတာ သူကမုန်းနေတာ  မုန်းလို့သတ်သတ်လုပ်နေတာ
အတွေးမျိုးစုံနဲ့သူမက  သူ့ရင်ခွင်ထဲရောက်နေသည်ကိုမေ့လျော့စွာ စိတ်တိုင်းကျငိုယိုနေမိတော့သည်။

အတ္တဟာ သူ့ခါးကိုမလွှတ်တမ်းဖက်ထားသဖြင့် 
ငိုပါစေတော့ဟူ၍  လက်တစ်ဖက်က သူ့ဘောင်းဘီအိတ်ထောင်ထဲသို့ ထည့်ထားတာ တစ်ဖက်က သူမခေါင်းလေးအားဖွဖွလေးပွတ်သတ်နှစ်သိမ့်နေပြီး
တံခါးကဖွင့်ထားသည်မို့ အလင်းရောက်လာလျှင် သူ့သခင်လေးကို အတင်းဖက်ထားပြီးသခင်လေးက နှစ်သိမ့်ပေးနေတဲ့ ဒီမြင်ကွင်းလေးကို ဓာတ်ပုံရိုက်၍ပင်သိမ်းထားလိုက်ချင်မိသည်။
ဘယ်တုန်းက ဒီလိုနူးညံ့ပြီးနှစ်သိမ့်ပေးဖူးလို့လဲ။ 
တကယ်ရင်ထဲမှာကြည်နူးသွားရ၏။

အတ္တလွန်အချစ် (OC) CompletedHikayelerin yaşadığı yer. Şimdi keşfedin