Part (21) Uni/Zawgyi

Start from the beginning
                                    

============================

သူဘယ်မှမသွားပဲ အိမ်မှာပဲရှိနေတာ၁ပတ်ရှိပါပြီ
မွန်းအတွက်တော့ အနေကြပ်နေရသည်။
မွန်းကိုသူ့မျက်စိအောက်ကအပျောက်ခံတာမဟုတ်ဘူး ဒီတစ်ပတ်လုံးမွန်းအခန်းထဲမှာပဲ သူနေသည်။

မွန်းသည် အောက်ထပ်မှအပေါ်ပြန်တက်လာရင်း  အခန်းတံခါးဖွင့်လိုက်လျှင်
မတ်တပ်ရပ်နေသည့် အပေါ်ပိုင်းဗလာသူ့ကျောပြင်ကြီးမှာ  အတောင်ပံပုံစံ Tattoo ကြီးက အဖြူရောင်ကျောပြင်မှာထင်ရှားစွာ ရှိနေပြီသူနဲ့အရမ်းလိုက်ဖက်နေသည်။

မွန်းသည် ဒီနေ့သူအခန်းပြောင်းတော့မည်ဟုသိထားရတာကြောင့် ၀မ်းသာအားရ ခြေလှမ်းတွေနဲ့ သူ့အတွက် ရှပ်အင်္ကျီတစ်ထည်ကိုကလျှက် အနားတိုးလာခဲ့သည် ။

ရုတ်တရက် နှာခေါင်းထဲသို့ စီးကရက်နံ့၀င်လာသောကြောင့် မျက်နှာမမြင်ရတဲ့ သူ့ကို ဟိုကြည့်ဒီကြည့်နှင့်
"အွန်း"
ဆိုပြီး သူလှည့်လာခဲ့တော့ နှုတ်ခမ်းမှာ စီးကရက်ကိုက်လျှက် မွန်းကိုမြင်တော့ သူ့လက်ထဲသို့ကူးပြောင်းယူလိုက်သည်။

မွန်းမျက်နှာချက်ချင်းပျက်သွားတာကို သူသတိထားမိတာကြောင့်

"မင်း မလာသေးဘူးထင်လို့ ကိုယ်ကမီးညှိလိုက်တာ"

မွန်းက ဆေးလိပ်ငွေ့တွေနဲ့သူ့မျက်နှာကိုမကြည့်ချင်တာမို့ မျက်နှာကိုငုံ့လိုက်လျှင် သူ့ရင်ဘက်က ရောမဂဏန်း5လုံးနဲ့ A&M ဟူသော Tattoo ကြောင့် မျက်နှာကလေးဟာပို၍ညှိုးနွမ်းသွားရလေသည်။
ထိုTattoo ကိုမြင်တိုင်း ရင်ထဲမှာအောင့်သက်သက်နဲ့ခံစားရသည်။

အတ္တက ငုံ့ကျသွားတဲ့ သူမရဲ့မျက်နှာကို သူကပါလိုက်ငုံ့ကြည့်ပြီးလက်ထဲက စီးကရက်ကို စားပွဲပေါ်တင်လိုက်ကာ

"မင်း ကိုယ့်ရင်ဘက်ကိုကြည့်တိုင်း မျက်နှာကညှိုးညှိုးသွားတယ် ဘာဖြစ်ရတာလဲ"
သူ့မျက်နှာကိုကြည့်ရင်း ပျက်သွားတာက စီးကရက်ကြောင့်ဆိုတာ သိပေမဲ့ရင်ဘက်ကိုကြည့်ပြီး၀မ်းနည်းနေတာဘာကြောင့်မှန်း အဖြေမရှာတတ်ပါ။

အတင်းငုံ့ကြည့်နေတဲ့ သူ့ကြောင့် မွန်းလက်ထဲက အင်္ကျီကိုအတင်းထိုးပေးလိုက်သည်။
"ရော့ "

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now