" ကိုး.."
" ဗျ.."
ထူးသာထူးနေတာ.. သူ့ဘက်ကို လှည့်ကြည့်မလာ။ ပြောင်ရှင်းနေပြီးသားနေရာကို တံမြက်စည်းလှဲတာလိုလို.. အမှိုက်ကောက်တာလိုလို လုပ်နေတယ်။
" အကို ခေါ်နေတယ်လေ.."
" ဟုတ်.. ဘာခိုင်းမလို့လဲ.."
" အကိုက မင်းကို ခိုင်းဖို့ခေါ်တာမဟုတ်ပါဘူးကွာ.."
စိတ်မကောင်းဟန်နဲ့ လုပ်ကြံပြောလိုက်တော့မှ.. ကိုယ်တော်ချောက မျက်လုံးထောင့်ကပ်ပြီး သူ့ဘက်လှည့်ကြည့်လာတယ်။ မသိမသာ စူနေတဲ့ နှုတ်ခမ်းတွေကြောင့် သူ့မှာ ဟက်ခနဲ ရယ်ချလိုက်မိတယ်။ နွေဦးငယ်ကို တူတူလည်ဖို့ ခေါ်လို့ စိတ်ကောက်နေတာတော့ မဟုတ်နိုင်လောက်ပါဘူး ထင်ထားပေမယ့် ကိုးက သူ့ကို မျက်လုံးချင်းဆုံအောင် မကြည့်ပဲ ဟိုဟိုဒီဒီ အကြည့်လွှဲနေတော့တယ်။
ဆိုတော့.. တကယ်ကြီး စိတ်ကောက်နေတာပဲ..
" အကို ဘာပြောမလို့လဲ.."
" ကောင်လေးတယောက် စိတ်ကောက်နေလို့ကွာ.. အဲ့ဒါ ဘယ်လိုချော့ရမလဲ မေးမလို့.."
" ဘယ်သူက စိတ်ကောက်နေလို့လဲ.."
နှုတ်ခမ်းထောင့်တဖက်က အပေါ်ကိုတွန့်တက်သွားကာ.. မေးရိုးကို ပင့်ချီလိုက်တဲ့အခါ ကိုးရဲ့ မျက်နှာကျက ပိုထင်းလာတယ်။ သူ့စိတ်ထဲ ဒီတနှစ်အတွင်း ကိုးက ငယ်ရုပ်ပြောင်းသွားသလိုပဲ။
အားကောင်းမောင်းသန်အလုပ်တွေ လုပ်ရတာမို့ ခန္ဓာကိုယ်ကလည်း သေချာလေ့ကျင့်ယူစရာမလိုအောင် ကျစ်ကျစ်လစ်လစ်နဲ့။
အရင်က မျက်နှာကျ ချွန်ချွန်၊ နှာတံ ရှည်ရှည်ချွန်ချွန်နဲ့ ပိန်ပိန်လှီလှီလေးမို့ စုတ်ချွန်းချွန်းကလေးပုံစံလေးရှိခဲ့ပေမယ့်.. အခုတော့ လက်မောင်းအိုးတွေ၊ ရင်အုပ်တွေကလည်း ပိုပြီးဖွံ့ထွားလာတယ်လေ။ ပါးရိုးနားရိုးခပ်ကျကျနဲ့ မျက်အိမ်မျက်ဖန်လည်း နေရာကျလာတယ်။
အထူးခြားဆုံးကတော့.. အညိုရောင်မျက်ဝန်းတွေနဲ့ လိုက်ဖက်တဲ့ သေးသေးနုတ်နုတ် ကော့ကော့ညွတ်ညွတ် မျက်ခုံးမွှေးတန်းတစုံပဲ။
19 (U)
Start from the beginning