" အေး အေး ငါ့လည်းကျန်တဲ့ငါးတွေရွာထဲပတ်ရောင်းလိုက်ဦးမယ် "

အရိပ်လည်းပုစွန်အိတ်လက်ကဆွဲကာအိမ်ပြန်လာခဲ့လိုက်သည်။

အိမ်ရောက်တာနဲ့အဝတ်လဲပြီးမီးဖိုချောင်ထဲက ဇလုံတစ်ခုကိုင်ကာအိမ်အနောက်ထွက်လာခဲ့လိုက်ပြီး အိမ်နောက်မှာရာသီအလိုက်မိသားစုစားဖို့စိုက်ထားတဲ့ချဉ်ပေါင်ရွက်နဲ့ငရုပ်သီးအနည်းငယ်ခူးကာ ချက်ပြုတ်ရန်စတင်ပြင်ဆင်တော့သည်။

ပုစွန်ထုပ်ကိုဆီပြန်ချက်လိုက်ပြီး ချဉ်ပေါင်းနဲ့ငရုပ်သီးကိုတော့ချဉ်ပေါင်းငပိချက်လေးတစ်ခွက်ချက်လိုက်ကာ ရိုးပြန်အလာကိုစောင့်ရင်းရေချိုးရန်ပြင်လိုက်သည်။

ရေချိုးရန်အရင်လိုမြစ်ဆိပ်ကိုဆင်းရန်လဲမလိုတော့ အိမ်မှာရေတွင်းတူးထားပြီဖြစ်တာကြောင့် အရိပ်ရေတွင်းမှာရေဆွဲပြီးလျှော်ရမယ်ရိုးအဝတ်တွေနဲ့သူ့အဝတ်တွေကိုလျှော်လိုက်ပြီးအရိပ်ရေချိုးပြီးချိန်တွင်ရိုးပြန်လာသည်။

" အရိပ်လေး ရေချိုးလို့ပြီးပြီပေါ့ "

အရိပ်အဝတ်စားလဲနေတုန်း အခန်းထဲဝင်လာတဲ့ရိုးကအရိပ်ခါးကိုအနောက်နေသိုင်းဖက်လိုက်တာကြောင့် အရိပ်မှခါးကပုဆိုးစကိုပါးစပ်မှာကိုက်အတွင်းခံဝတ်နေတုန်းမို့ ကျွတ်ကျတော့မလိုဖြစ်သွားရကာ ရိုးဆီကအရက်နံခပ်သင်းသင်းကအရိပ်နှာခေါင်းထဲတိုးဝင်လာသည်။။

" ဟာ , ရိုးဘယ်လိုဖြစ်နေတာလဲ သူများရေချိုးထားတာကိုသူကညစ်ပက်ပက်ကြီးနဲ့ !"

အရိပ်ပုဆိုးစကိုလက်ကထိန်းကိုင်ထားရင်း ရိုးကိုစိတ်ဆိုးဆိုးနဲ့ပြောလိုက်ပေမဲ့ ရိုးကတော့အရိပ်ကိုဖက်ထားတာလွှတ်မပေးပဲရယ်ကာစနောက်နေပြန်သည်။

" ဒီယောကျ်ားကတစ်နေကုန်လွမ်းနေတာလေကွာ "

" အပိုမပြောစမ်းနဲ့ရိုး ဒီမှာတကယ်ပေကုန်ပြီနော် !"

ရိုးဆီကဖုန်မှုန့်တချို့ကအရိပ်ရဲ့တီရှပ်အဖြူရောင်လေးမှာကပ်ကုန်သည်။

" မဖယ်ဘူးကွာ ကိုယ့်အရမ်းမောလာလို့ ခဏလောက်ဖက်ထားပါရစေဦး "

( သူကြီးသမက် )  CompletedWhere stories live. Discover now