Part (15) Uni/Zawgyi

Start from the beginning
                                    

"ဟင် ဘာလုပ်တာလဲ "

"အပြင်ထွက်ခွင့်မရှိပါဘူး မမလေး"

သက်သက်လည်း နောက်မှ လာရပ်၍

"သခင်လေးက မမလေး ကိုလုံး၀အပြင်မထွက်ဖို့မှာသွားပါတယ် "

မွန်း ရှေ့သို့ဆက်တိုးပြီး

"မွန်းက ခြံထဲတင်ပါ ဟ်ို ဟို အပင်​ကြီးအောက်ခဏ ဆီသွားချင်လို့"

ရှေ့က လူ၂ယောက်က ပိုလို့ရှေ့သို့တိုး၍ ပိတ်ရပ်ပြီး

"အထဲပြန်၀င်လိုက်ပါ "

"တကယ်ပါ မွန်း အဲ့ဒီအပင်အောက် ကိုပဲသွားပါပါ မယုံရင် ရှင်တို့လည်းလိုက်ခဲ့လို့ရပါတယ် "

"အထဲကိုပဲပြန်၀င်ပါ သခင်လေး သိရင် ဒီတိုင်းထားမှာမဟုတ်ဘူး"

"ဟုတ်ပါတယ်မမလေးရယ် လာပါနော်သက်သက်လည်းကြောက်တယ် ပြီးရင် မမလေးကိုပဲ နှိပ်စက်ခံရမှာ"

မွန်းမျက်လုံးလေးဝိုင်းကနဲဖြစ်သွားကာ
ကားသံကြားသည်နှင့် မွန်းလည်း နောက်ပြန်လှည့်ပြီး အထဲပြန်၀င်သွားသည်။

မဟုတ်ရင် သူနဲ့စကားများရဦးမည်မဟုတ်လား။

အာဏာရူးသူက မွန်းကိုနှိပ်စက်ပြီး နေပူထဲပစ်ထားရင်ထားပါလိမ့်ဦးမည်။

အတ္တသည် ကားထဲကနေ ထွက်လာလျှင်
စီးကရက်တိုကို ဘေးသို့ပစ်ချလိုက်ပြီး စောနကမြင်လိုက်ရသည့် သူမရဲ့အရိပ်အယောင်ကြောင့်

"ဘာဖြစ်နေတာလဲ"

တံခါးနားကသက်သက်ကိုမေးလျှင်
မအော်ရသေးဘူး တုန်နေသည့်သက်သက်ကိုစိတ်မရှည်တာနဲ့အိမ်ပေါ်တက်သွားသည့် သူမနောက်သို့သာ ခပ်သွက်သွက် လိုက်သွားသည်။

"ဟေ့ ဟိတ် "

အတ္တကနောက်ကနေလိုက်ခေါ်ရင်း

" မွန်း "
စိတ်ကောင်း၀င်နေရင် နာမည်ကိုတောင်ညင်သာစွာခေါ်တယ် မွန်း တဲ့။

"မွန်း ကိုယ်ခေါ်နေတယ်လေ"

လက်မောင်းကနေကိုင်ပြီး ဆွဲလှည့်လိုက်လျှင်
ဆံပင်တွေနဲ့အုပ်နေသည့် မျက်နှာတစ်ခု။

အတ္တက မျက်မှောင်ကုတ်ကာ ဆံပင်တွေကိုသပ်တင်ပေးရင်း မျက်နှာလေးကိုစိုက်ကြည့်တော့ မျက်ရည်တွေနဲ့။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now