"ကလာ့ခ်  မင်းကိုရှာလိုက်ရတာ ဒီဘက်ကိုတိုးမြန်မြန်"

မိုးရေထဲထီးတစ်ချောင်းနဲ့အပြေးအလွှားလေးရောက်လာခဲ့တဲ့သူက ရေအန် ဗျ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းကြီး

မိုးစက်တွေကြောင့်စိုစွတ်နေတဲ့ရွှေအိုရောင်ဆံနွယ်တွေကိုလှုပ်ခါလိုက်တော့  ရေအန် ကရေနတ်ဘုရားသားတော်များလားလို့ကျွန်တော်တွေးမိတယ်  ဒီကောင်ဗျာ ဘယ်အချိန်ဖြစ်ဖြစ်ကြည့်ကောင်းလွန်းတာ မနာလိုအောင်လို့...

"ဘာတွေကြောင်နေတာလဲ ဒီဘက်တိုးပါဆိုမိုးတွေကစိုနေပြီမင်း  sh*t ချမ်းလိုက်တာကွာ"

"ရော့ငါ့ဂျက်ကတ်ခြုံထား "

ကျွန်တော်အခုသိပ်မချမ်းတော့ဘူးလေ ဒုက္ခသည်လိုညည်းနေတဲ့သူကိုကူညီလိုက်နိုင်တာပေါ့ဗျာ

"မင်းကရော မချမ်းဘူးလား"

raynကထိုစကားတွေပြောနေပေမဲ့  စပ်ဖြဲဖြဲလုပ်ရင်း ကျွန်တော့်ဂျက်ကတ်ကို မတုံ့ဆိုင်းဘဲဝတ်နေတာပါပဲ
ကျွန်တော်သိပ်မကျေနပ်လို့ သူဝယ်ပေးတဲ့ဖိနပ်နဲ့ပဲသူ့ခြေထောက်ပေါ်နာနာလေးနင်းပစ်လိုက်တယ်  အသိတရားမရှိတဲ့ကောင်!

နင်းပြီးမှကျွန်တော်နောင်တရသွားရပြန်ပါတယ် သူကကျွန်တော့်မှာထီးမပါမှာစိတ်ပူလို့အပြေးလာခဲ့ရတာပဲဟာ

"ငါမအေးပါဘူး  "

အဲဒီညနေက ရေအန်နဲ့ကျွန်တော်တိုးဝှေ့ပူးကပ်လိုက်ပြီး အိမ်အပြန်လမ်းကိုအတူလျှောက်လာခဲ့ကြတယ်
ထီးတစ်ချောင်းအောက်မှာအရွယ်ရောက်ကာစယောကျာ်းလေးနှစ်ယောက် ပူးကပ်နေတာ နေရခက်တယ်ထင်စရာရှိမယ် ဒါပေသိတကယ်တမ်းကျ တကယ်သက်တောင့်သက်သာရှိတယ်ဗျ။ 

ကျွန်တော်နဲ့  ရင်းနီးနှင့်ပြီးသားရေအန်ရဲ့ သံပုရာနံကိုယ်သင်းရနံ့လေးကြောင့်ဖြစ်နိုင်ပါတယ်
နွေဦးရဲ့အနံ့လေးလိုမျိုးပဲ...

အဲဒီညနေခင်းက ကျွန်တော့်ဆယ်ကျော်သက်ဘဝရဲ့မမေ့ရက်တဲ့နေ့တွေထဲကတစ်ခုပါပဲ။

ဝန်မခံချင်ပေမဲ့   ရေအန်နဲ့ဖြတ်သန်းခဲ့ရတဲ့နှစ်၂၀လုံးကကျွန်တော့်အတွက်မမေ့ရက်စရာတွေချည်းပါ သူနဲ့ကျွန်တော် သဘောထားမတိုက်ဆိုင်ကြတဲ့အချိန်တွေအပါအဝင်ပေါ့။

/Ordinary Losing/Where stories live. Discover now