"ငါပြောသားပဲ မင်း သူ့ကိုမကျော်နိုင်ပါဘူးလို့!"

မျက်နှာချင်းဆိုင်စားပွဲခုံမှာ စောက်တတ်ကြီးအထာနဲ့ စာအုပ်ကိုင်ရင်း ပြောလာတဲ့ Kim Doyoungကို ပြုံးပြမိသည်။သူတို့က အခု လူကိုလှောင်နေကြတာလား...

"မင်းရဲ့မျက်မှန် တစ်ခါကွဲကို နှစ်ခါကွဲဖြစ်အောင်လုပ်ပေးရမလား"

"ကဲ... ပေးပေး ငါနိုင်ပြီ သူမရလာဘူးဆိုတော့ မင်းတို့ ဟိုနေ့က ငါ့ကို​ေပးရမဲ့ အကြွေးတွေရော ပေါင်းပေးတော့"

ချုိချဥ်စုပ်လုံးကို ပါးစပ်မှာထည့်ရင်း စကားဝိုင်းကို ဝင်ဖျက်တဲ့လူက So Junghwan။ထုံးစံအတိုင်း ဒီကောင်တွေ အလောင်းအစားလုပ်ကြပြန်ပြီလား?လူကို ဘာများမှတ်နေတာလဲ

"ထပ်မှတ်ထားလိုက်ပါအုံးကွာ မင်းကလည်း"

"အေးလေ အေးလေ နည်းနည်းလေးပဲဟာကို"

Yoon Jaehyukနဲ့ Kim Doyoungက သူတို့ရဲ့ အကြွေးတွေကို မပေးချင်တော့တာကြောင့် ဆင်ခြေအမျိုးမျိုးသုံးပြီး နောက်နေ့တွေ၊ မနက်ဖြန်တွေဆိုတဲ့ စကားကို ပါးစပ်က အချမပျက်ကြ။

"မင်းတို့ များနေပြီလေ၊ ဟိုအပတ်က လောင်းတာက ဝမ်5သောင်းစီ၊ အခုအပတ်က 7သောင်း ပေါင်းလိုက်တော့ 1သိန်းခွဲ"

"ဟျောင့် ဘာ1သိန်းခွဲလဲ 1သိန်း2သောင်းလေ"

အချေအတင်ဖြစ်နေတဲ့ ဒီအခြေအနေဟာ အဆန်းမဟုတ်တာကြောင့် Jeongwooက သူ့အတွက် ဘော်ဒါကြီးတွေယူပေးထားတဲ့ ထမင်းပန်းကန်ကိုသာ အာရုံစိုက်နေလိုက်တယ်။အရသာက မရှိတရှိရယ်မို့ မနည်းမြိုချနေရသည်။အိမ်ထမင်း၊အိမ်ဝင်းကသာ အကောင်းဆုံးပဲမလား

"ကျန်တဲ့ 3သောင်းက အတိုးလေ မသိဘူး ပေးနော် မပေးရင် ရဲတိုင်မယ်"

အဖေအားကိုးနဲ့ ဆိုးချင်သလိုဆိုးနေတဲ့ So Junghwanက ကပ်စီးကလည်း အလွန်နည်းတတ်သည်။အစားဆိုရင် သွားတောင် ထိလို့မရ၊ ငွေရေးကြေးရေးဆို ဆရာကြီးအဆင့်ပင် ရောက်နေပြီ၊ လမ်းထပ်က ငွေတိုးချေးစားတဲ့ လူ ကြမ်းကြီးတွေထက်ပင် သူက ပိုကြမ်းသည်။တစ်ခါမဆပ်ရင် အိမ်အထိပါ လိုက်လာပြီး စားလိုက်သောက်လိုက်၊အိပ်လိုက်တွေ လာလာလုပ်သေးတယ်။

𝗗𝗲𝗮𝗿 𝗨, 𝗠𝘆 𝗥𝗶𝘃𝗮𝗹 : 𝗛𝗝𝗪Where stories live. Discover now