အပိုင်း ၁၅

8.3K 605 30
                                    

"ဟုတ် ရှိပါတယ် သခင်မလေး...နုနုတို့လဲ အဲမှာမနေပါဘူး... အလွတ်ထားထားတာပါ..."

"အင်း...အဲမှာပေးနေထားလိုက်...ပြီးတော့ နောက်ပြီး ငါအလုပ်သွားပြီးရင် ကားပြန်လွှတ်လိုက်မယ်...သူ အဲတော့မှသွားပစေ...သူအလုပ်သွားတဲ့အခါမှ နင်တို့က အခန်းကို အပေါ်ကလို ပြန်ပြင်ပေးလိုက်..."

"ဟုတ်ကဲ့ သခင်မလေး..."

"ပြီးတော့ ပေါက်ကရတွေ လျှောက်မစားစေနဲ့... သူဘာတွေလုပ်လဲ မျက်ခြေမပျက်ကြည့်ထားပြီး ထူးဆန်းတာရှိရင် ငါ့ကို လာပြော... နင်တို့ထဲက တစ်ယောက်ယောက် သူ့နားမှာ အမြဲရှိပစေ..."

"ဟုတ်ကဲ့..."

ပြောပြီး ငြိမ်သွားပြန်သော သစ္စာကို ကြည့်ပြီး နုနုက ခိုးပြုံးသည်...ဒီလောက်စိတ်ပူနေတာ မမလေး
ကို ချစ်လို့ပေါ့.. အဲတာကို ဟိုတစ်ယောက်ကလဲ မဟုတ်တာတွေပဲ တွေးနေတယ်... ဒီနှစ်ယောက် အဆင်ပြေသွားရင် ကောင်းမယ်လို့ နုနုအမြဲတွေးနေတာ...မဟုတ်ရင် နုနုတို့လဲ ဟိုမျက်နှာကြည့်ရ ဒီမျက်နှာကြည့်ရနဲ့ စိတ်ညစ်ရတာကို...

သခင်မလေး အလုပ်သွားတာနှင့် နုနုလဲ အနောက်တန်းလျားဆီ ခပ်သုတ်သုတ် ပြန်လာခဲ့သည်... မမလေးက တစ်ခုခုကို အပြီးတိုင် ဆုံးဖြတ်ထားတဲ့ မျက်နှာထားနဲ့ထိုင်နေကာ နုနုကို မျှော်လင့်တကြီး ကြည့်နေသည်...

"သခင်မလေးက သူအလုပ်သွားပြီးမှ ကားလွှတ်လိုက်မယ်တဲ့ မမလေး..."

မဖြစ်ဖြစ်အောင် ဇွတ်အတင်းတောင်းဆိုမယ်ပြင်ထားပေးမယ့် အလွယ်တကူ လိုက်လျောလာတဲ့အခါ ရွှေရုပ် အနည်းငယ် အံ့သြသွားသည်...

"ဒီမှာနေမယ့်ကိစ္စရော ပြောလိုက်တယ်မလား..."

"ဟုတ် ပြောလိုက်တယ်..."

"ဘာမှမပြောဘူးလား..."

"အင်း...ဒီဘေးအခန်းမှာ ပေးနေလိုက်လို့​တော့ ပြောတယ်...မမလေး"

မျက်မှောင်ကြုတ်ကာ ငြိမ်သွားသောရွှေရုပ်ကို ကြည့်ကာ နုနုက ခိုးပြုံးသည်... နေကြပါစေလေ... လူတွေဟာ ရှိနေတုန်း တစ်ယောက်တန်ဖိုး တစ်ယောက်မသိပေမယ့် ဝေးသွားတဲ့အခါ သိလာကြသတဲ့... မမလေးတို့လဲ ဝေးဝေးနေရင်းမှ အဲလိုသိလာကြပါစေလို့ နုနုတော့ ဆုတောင်းမိပါသည်...

ရွှေရုပ်Where stories live. Discover now