ယွင်းယူ၏တောင်းပန်လိုစိတ်အပြည့်နှင့်
အကြည့်များအားရင်ဆိုင်လိုက်ရသည့်
အခါယောင်းယီသည်မချဉ်မချိုပြုံးလိုက်ပြီး
နောက်မျက်လုံးတစ်စုံအောက်တွင်မည်းနက်
နေသည့်မျက်တွင်းများနှင့်အတူယွင်းယူအား
ခွင့်လွှတ်လိုက်သည်။

ဘာဘဲပြောပြောပါလေ၊အခုကိစ္စမှာ
ငကြောက်ဖြစ်နေတဲ့သူကိုယ်သူကလွဲ
လို့ဘယ်သူ့ကိုအပြစ်တင်လို့ရမှာမို့လို့လဲ?

မနေ့ညကအဓိပ္ပါယ်မရှိပေါက်ကရကိစ္စတွေ
အကုန်လုံးကိုတွေးတောပြီးကြောက်ဒူးတုန်
လာသည့်အတွက်တစ်ညလုံးလှဲလျောင်းရင်း
မျက်စိကြီးပွင့်လျက်သားဖြစ်နေခဲ့သည်။

သူတို့၏မူလထုံးစံအတိုင်းအံ့ဝင်ခွင်ကျ
ဆက်ဆံရေးအဖြစ်ပြန်လည်သင့်မြတ်
သွားသည့်အခါ video games တောင်အတူတူကစားလိုက်ကြသေးသည်။
ဤသို့ဖြင့်ယောင်းယီလည်းမနေ့ညတုန်းက
ဖြစ်ခဲ့သည့်စိတ်မချမ်းသာမှုများကို
နောက်ခေါက်ကာလျင်မြန်စွာပစ်ထုတ်၍
အားမန်အပြည့်ဖြင့်တက်ကြွရွှင်လန်းစွာ
ရီမောနေတော့သည်။

ယွင်းယူသည်ယောင်းယီအားအဖော်ပြု၍
စိတ်အားထက်သန်စွာလိုက်ပါဆော့ကစား
ပေးရင်းသူ၏မျက်နှာအစိတ်အပိုင်းများ
သည်လည်းနူးညံ့ညင်သာလာခဲ့သည်။

ဒီရက်ပိုင်းတွင်၊ထိုနှစ်ဦးအကြားမတော်တဆ
အသားချင်းထိတွေ့မှုများသည်မရည်ရွယ်ပါဘဲ
တိုးပွားလာခဲ့သည်။

ယောင်းယီလည်းထိုအသားချင်းထိတွေ့မှု
အပေါ်တွင်တဖြည်းဖြည်းချင်းအသားကျ
လာခဲ့ပြီဖြစ်သည်။အံ့ဩဖို့ကောင်းစွာဖြင့်၊
ထိုအရာသည်ထူးဆန်းသည်ဟုသူလုံးဝ
မခံစားရတော့ပေ။ဤသို့ဖြင့်ဂိမ်းဆော့ရင်း
သူ့အားလမ်းညွှန်ပြသပေးနေသည့်
ယွင်းယူ၏နွေးထွေးသောအသံကို
နားထောင်ကာယွင်းယူ၏လက်မောင်းများ
ကြားထဲသို့သဘာဝကျကျတိုးဝှေ့ပူးကပ်
လိုက်သည်။

အိမ်ရှေ့ခန်းထဲတွင်၊ “YOU WIN”
ဆိုသည့်ကြီးမားသောစာတန်းကြီးသည် နံရံတစ်ဝက်နီးပါးလောက်ရှိသည့် LCD TV ကြီးပေါ်၌ဖြတ်ခနည်းပေါ်လာလေသည်။
ယောင်းယီလည်းစိတ်လှုပ်ရှားမှုကြောင့်
ကြွေးကြော်လိုက်မိသည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းजहाँ कहानियाँ रहती हैं। अभी खोजें