Extra

26.1K 2.4K 208
                                    

"ပြည့်ပြီလားဟေ့....ပြည့်ရင် နောက်တစ်စီးဝင်မယ်.."

"ဆုတ် ဆုတ် ဆုတ် ရပြီ ရပြီ ဟေး...."

စက်ထဲမှာ ကားကြီးကားငယ် ဝင်ထွက်ရှုပ်ယှက်ခတ်နေကာ အလုပ်သမား အသံတွေ ဆန်အိတ်တင်နေတဲ့ အသံတွေ ဆူဆူညံညံ....
မနက်ထဲက မမကြီးနှင့်အတူ ဒီမိုတို့ စက်ထဲကို မယောင်မလည် ပါသွားခဲ့တာ။နေ့လည်ထမင်းစားချိန်တောင် ပြန်ရောက်မလာတာမလို့
ရှင်စော လိုက်ချခဲ့ရတာဖြစ်သည်။စက်ထဲရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ဆို့သွားရသည်။အလုပ်သမားတွေနှင့် ရောထွေးကာ ဒီမိုတို့ ဆန်အိတ်တွေကို ကားအပေါ် အတင်အချ လုပ်နေလေသည်။နေပူထဲ ဘာအကာအကွယ်မှ မပါတဲ့အပြင် အလေ့အကျင့်လည်း မရှိတော့ နဂိုဖြူသော အသားရည်က အနီရောင်ပြောင်းနေပြီး
တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက်ကျလို့။

"မောင်..."

ရှင်စော အနားကပ်သွားရင်း ခပ်တိုးတိုး ခေါ်တော့...

"ဟင် အစော လိုက်လာတာလား..."

"ဟုတ်တယ် ဘယ်အချိန်ရှိနေပြီလဲ ထမင်းလာပြန်မစားလို့ ဘာလုပ်နေလဲလို့ လိုက်လာတာ.."

ရှင်စော ပြောတော့....

"အာ ပြန်လာမလို့ဘဲ အခုပဲကားထပ်ဝင်လာလို့ ခဏလေး ခဏလေး မောင်ပြီးအောင် ထမ်းပေးလိုက်ဦးမယ်.."

ဒီမိုက ပြောပြောဆိုဆို ဆန်အိတ်ပင့်ပေးနေသူထမ်း ပခုံးထိုးပေးတော့ ရှင်စောက ဒီမို၏ လက်မောင်းအား ပြန်ဆွဲထားလိုက်ပြီးမှ....

"တော်ပြီး အလုပ်သမားတွေ ထမ်းပါစေတော့ လာ.."

ရှင်စော ပြောပြောဆိုဆို ဒီမို၏ လက်အား ဆွဲကာ ကိုကိုကြီး၏ ရုံးခန်းလို နားနေခန်းလေးထဲသို့ ဆွဲခေါ်ခဲ့လိုက်သည်။ဒီနှစ်သီတင်းကျွတ်ကို ကိုကိုကြီးက သူ့ယောက္ခမတွေရှိရာ သိမ်ဇရပ်မှာ ကျွတ်မှာဖြစ်သောကြောင့် အိမ်မှာရှိမနေပါ။ထို့ကြောင့်လည်း ရှင်စောတို့ သီတင်းကျွတ်မှာ အိမ်ပြန်လာပြီး လူကြီးတွေကို လာကန်တော့ဖြစ်တာ ဖြစ်သည်။နားလည်မှုပေးလိုက်ကြပြီ ဆိုပေမဲ့လို့ ကိုကိုကြီးနှင့် ဘကြီးကတော့ ခပ်တန်းတန်းသာဖြစ်သည်။ထို့ကြောင့် ရောက်စကဆို ရှင်စောက ဒီမိုမျက်နှာငယ်နေမှာကို စိုးမိသေးသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now