အပိုင်း ၁၃

22.1K 2.7K 82
                                    

စာမေးပွဲ နောက်ဆုံးညကတော့ အဆောင်မှာ တစ်ညလုံး ဂီတာတီးကြ သောက်ကြ စားကြနဲ့ နောက်တစ်နေ့ နေအတော်မြင့်မှပဲ နိုးကြတော့သည်။နဂိုထဲက သူငယ်ချင်းအုပ်စုတွေ စာမေးပွဲပြီးရင် ဘားအံသွားလည်ကြဖို့ အစီအစဉ်ဆွဲထားကြပြီးသား။

ရှင်စော ရေမိုးချိုးပြီး ပြန်ဝင်လာသည့်အထိ ဒီမိုဖန်းတို့ မနိုးသေး။

"ဟျောင့် ဒီမို ဒီမို...."

"ဟင် အင်း..."

ပခုံးကို ခတ်ဆတ်ဆတ် ပုတ်နှိုးတော့ အင်းအင်းအဲအဲ ထူးသံ ပြုကာ တဖတ်သို့ ကျောခိုင်းလှည့်သွားလေသည်။ရှင်စော ခြုံထားသော စောင်ကို ဆွဲချကာ အတင်းလှုပ်နှိုးလေတော့မှ ကိုယ်တော်ချက ထတော်မူလေသည်။

ဒီမို ကိုယ်လက်သန့်စင်ဖို့ ထွက်သွားတော့မှပဲ တစ်ညအိပ်ခရီးအတွက် လိုအပ်တာတွေ ပြင်ဆင်ထည့်သိုရတော့သည်။အားလုံး ပြင်ဆငါကြပြီး မနက်စာ စားသောက်ပြီးမှပဲ မော်လမြိုင်က ထွက်ကြတော့ နေ့လည်၁၂နာရီအတိ။မိုးကုန်ခါစ ဆိုပေမဲ့ ရာမညတိုင်းကတော့ မိုးရိပ်မိုးသားတို့ လုံးဝကြီး ကင်းလွတ်နေတာ မဟုတ်။မိုးတအုံ့အုံ့ဖြင့် ရာသီဥတုက ခရီးသွားလာဖို့ သင့်တော်လေသည်။

ယောက်ျားလေးကြီးပဲ စုစုပေါင်း ၇ယောက် ဆိုင်ကယ်လေးစီးဖြင့် သွားကြတာမလို့ ထွေရီကာရီတော့ သိပ်မများလှပေ။ဘားအံနှင့် မော်လမြိုင်က ကောင်းကောင်းမောင်းရင် တစ်နာရီခွဲလောက်သာ ဝေးသော ခရီးဖြစ်လေသည်။

အတ္တရံတံတားကို ဖြတ်ကျော်ပြီးတော့ မိုးက ပိုပို၍ အုံ့ဆိုင်းလာလေသည်။

"ညောင်းရင်ပြောနော် သားရီး ငါ တစ်လှည့်မောင်းမယ်"

ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့်အပြင် နားထဲ နားကြပ်ထည့်ထားသော ဒီမိုကြားအောင် ရှင်စော အနောက်ကနေပြီး အသံကုန်ဟစ်ပြောရလေသည်။ဒီမိုက ခေါင်းသာငြိမ့်ပြကာ မလိုဘူးဆိုသော သဘောဖြင့် လက်ကာပြလေသည်။ယောက်ျားလေးတွေချည်းပဲမလို့
ခရီးက သိပ်မဖင့်ပဲ ဇာသပြင်တံတားကို ဖြတ်တော့ နေ့လည် ၂နာရီထိုးဖို့ မိနစ်၂၀...။ဇာသပြင်တံတားပေါ် အဖြတ် ဖားစည်မြေရဲ့ မိုးက တဝေါဝေါဖြင့် နှုတ်ခွန်းဆက် ကြိုဆိုလေတော့သည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now