အပိုင်း ၁

119K 4.8K 247
                                    

"ခရီးများအဆုံးထိ...လျှောက်"
အပိုင်း-၁

"ပိုက်ဆံလည်း ကြည့်သုံးဦးနော် ငါ့မှာ ကိုဇော့်ဆီက လက်ဖြန့်တောင်းသုံးနေရတာ နင့်ကို ဒီလောက်ကြည့်ထားပေးတာပဲ ကျေးဇူးတင်ဦး"

ဆိုင်ကယ်ကို သေချာဇက်သော့ခတ် နေရင်း အိမ်တွင်းမှ
အပြင်ကို လျှံကျလာသော သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်၏ စကားသံ....

"မဟုတ်တာတွေလည်း စိတ်ကူးယဉ်မနေနဲ့ နင့်အဖေလိုပဲ ဘဝဆုံးသွားမယ် ပညာကောင်းကောင်းသင်ပြီး သင့်တော်တဲ့အလုပ်လေးဝင်လုပ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ကြိုးစာ ငါက နင့်ကိုဒီလောက်ပဲ ပျိုးထောင်ပေးနိုင်မှာ"

တစ်ယောက်ထဲ စကားဆိုနေသလား အောက်မေ့ရအောင် တစ်ဖက်မှ တုံ့ပြန်စကားသံကိုတော့ မကြားမိပေ။

"အိမ်ကိုလည်း ခဏခဏ မလာနဲ့ ကိုဇော့်ကို မျက်နှာပူစရာကောင်းတယ် နင်လိုတာရှိရင် မသီကတဆင့်ပြော ကြားလား တကယ်ပါ ငါလည်း ဝဋ်ကြွေးကိုကြီးပါတယ် ဖအေကနေသားအထိ"

"တော်ပါတော့ အမေ ပြောလို့ပြီးပြီးမှတ်လား ပြန်တော့"

စိတ်မရှည်သလို ခပ်ဆတ်ဆတ် ထွက်လာတဲ့ သြရှရှယောက်ျားသံတစ်ခု...

"အဲ့ဒါပဲ ဖအေထိရင် ဆတ်ဆတ်ခါနေတာ မွေးရတာ ဝမ်းရေစပ်တာပဲ အဖတ်တင်တယ်"

"ကျစ်!..."

ယောက်ျားလေးက ဘာမှမပြောချင်သလို စိတ်ပျက်လက်ပျက်စုတ်သတ်သည်။ဆိုင်ကယ်ကို ခပ်မြန်မြန်နေရာချရင်း မင်းရှင်စော အဆောင်ထဲသို့ ခပ်သွက်သွက်လေးလှမ်းဝင်ခဲ့လိုက်သည်။

မရည်ရွယ်ပဲ သူများအတွင်းရေးကို နားထောင်မိတော့ မျက်နှာပူချင်သလိုလို။ဧည့်ခန်းထဲက ခပ်သွက်သွက်လေးဖြတ်ကာ မိမိအခန်းဆီသို့ ဦးတည် လိုက်တော့သည်။
တမင်မကြည့်ပဲ ဖြတ်ခဲ့တော့ ကျောခိုင်းထိုင်နေသော အနက်ရောင်ကျောပြင် တစ်ခုသာ မျက်ဝန်းထဲ အရိပ်ထင်လေသည်။

@@@
ဒီနေ့က သောကြာနေ့ဆိုတော့ မနက်ဖြန် ကျောင်းသွားစရာမလိုတာမလို့ အေးအေးဆေးဆေး အနားယူဖို့ အတွေးနဲ့ မင်းရှင်စော စိတ်ချမ်းသာသွားရတယ်။ညနေကျရင်တော့ ဖူးဖူးတို့ အုပ်စုကို သူ့အဆောင်မှာ သွားကြိုပြီး ဘုရားလေး ဘာလေးသွား မုန့်လေးဘာလေးစားဖို့ စိတ်ကူးမိတယ်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now