Part (9) Uni/Zawgyi

Start from the beginning
                                    

"အင်း..."
သူမဆီကညည်းသံ သဲ့သဲ့လေးကြားလိုက်ရသေးသည်။

သူမဟာ အိပ်မက်ပဲထင်မှတ်နေလေ သလား ။
အတ္တဟာ သူမလည်ပင်းနဲ့ပုခုံးအဆက်နေရာတွင် သွေးခြေဥလောက်တဲ့ Marking ရာထင်တဲ့အထိအဆက်မပြတ်ဖိစုပ်လိုက်သောကြောင့်
သူမဟာ မျက်ခုံးကလေးတစ်ချက်တွန့်သွားသည်။

အတ္တဟာ သူမအနားကပ်ပြီးရင် ပြန်မခွာချင်တဲ့စိတ်ကြောင့် ဖက်ထားလျှက်ပင်ငြိမ်နေမိသည်မှာကြာလေပြီ။
အိပ်လို့လည်းပျော်မည်မဟုတ်တာကြောင့် စားပွဲပေါ်က Alarm နာရီကလေးကိုလှည့်ကြည့်လိုက်တော့ ၅နာရီထိုးပြီဖြစ်သည်။

အတ္တလည်း သူမကိုဖက်ထားရာမှလွှတ်လိုက်၍ သူမဘေးကနေထကာ သူထွက်သွားလျှင် ချမ်းမည်ဆိုးသောကြောင့် စောင်ပြန်ခြုံပေးခဲ့သည်။

မိုးလင်းမှ သူမအခန်းထဲက ထွက်လာသည်မို့ အတ္တကြောင့် သက်သက်နဲ့ဒေါ်မေတင် ခပ်ပြုံးပြုံးပင် ။

"မိသက် ညည်း မျက်နှာက စပ်ဖြီးဖြီးနဲ့ အခုပြင်စမ်း သခင်လေးမြင်ရင် အ​ပြစ် ပေးခံရမယ် "

"မေတင် ကလည်း ကြည့်ပါ့လား မနေ့ကတော့ မိုးရွာထဲမှာ တစ်ညလုံးနေဆိုပြီး အခုကျ မိုးလင်းမှ မမလေးအခန်းထဲကထွက်လာတယ် "

"ဟော်တော် ညည်း ကပြောလေကဲလေ ပါလား သွား ကိုယ့်အလုပ်ကိုလုပ် "

သက်သက်တို့တော့ ကိုယ့်အတွေးနဲ့ကိုယ်သာပြုံးနေပြန်၏ ။

အတ္တသည် တစ်ညလုံးမအိပ်ရသေးသဖြင့်
အရမ်းအိပ်ချင်နေသည် ။
သူမလည်းနေမကောင်းတာမို့ ဒီနေ့တော့အပြင်မသွားတော့ပဲအိမ်မှာပဲအနားယူရန် ဆုံးဖြတ်ထားလိုက်၏ ။

အောက်သို့ ဆင်းလာခဲ့ပြီး
"ဒေါ်မေတင် "

"သခင်လေး မနက်စာ စားတော့မလို့လား "

"မဟုတ်ဘူး "
အတ္တသည် ဘောင်းဘီအိတ်ထောင်ထဲ လက်ထည့်ထားရာမှ

"အဟွတ် အဟွတ် အဟင်း "
လက်သီးဆုတ်ကလေး ပါးစပ်ရှေ့ကွယ်ရင်း ချောင်းဆိုးလိုက်သည်။
မနေ့က သူကိုယ်တိုင်အအေးပက်သွားပုံရသည်။

"သူ့ကို သွားကြည့်လိုက်ပါ အိပ်ရာနိုးရင် တစ်ခုခုကျွေးပြီး ဆေးတိုက်လိုက် နေမကောင်းဘူး ကိုယ်တွေနွေးနေတယ် "

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now