အခန်း ၃၃၆

194 26 6
                                    

Poliana က Lucius နဲ့ ထမင်းအတူ ထပ်စားဖို့ သဘောတူလိုက်သည်. သူမက ငြင်းဆန်ဖို့ စဉ်းစားလိုက်ပေမဲ့လဲ မငြင်းလိုက်နိုင်ပေ. ဧကရာဇ်က အားလပ်ရက်ယူထားတယ်ဆိုတာကို Poliana က မသိသေးပေ. ဧကရာဇ်က အလုပ်တွေအဆက်မပြတ်လုပ်နေခဲ့ပေမဲ့လဲ တိုင်းပြည်ရေးရာကိစ္စတွေကတော့ အဆုံးမရှိပေ. Lucius က အလုပ်ကြိုးစားလွန်းတဲ့သူလို့ ယုံကြည်နေဆဲဖြစ်တဲ့ Poliana က သူ့ရဲ့အဖိုးမဖြတ်နိုင်တဲ့အချိန်တွေကို သူမအတွက် ပေးနေတာကြောင့် သူနဲ့အတူ နေ့လည်စားတာက ဖြစ်သင့်တယ်လို့ ယူဆလိုက်သည်.

ဒီသစ္စာရှိအမျိုးသမီးစစ်သည်က သူမရဲ့ဧကရာဇ်ကို မငြင်းဆန်နိုင်ပေ. ဥယျာဉ်ထဲမှာ လမ်းခွဲပြီးတဲ့နောက်မှာတော့ Poliana က သစ်ပင်တစ်ပင်ကို စတင်ရိုက်နှက်တော့သည်. သူမက လက်အိတ်တွေဝတ်ထားတာကြောင့် ခါတိုင်းထက်ပိုပြီးတော့ အားပြင်းပြင်းသုံးကာ ထိုးနှက်လို့ရနေသည်.

Bam! Bam!

ပြတင်းပေါက်ကနေ စောင့်ကြည့်နေကြတဲ့ ပရိတ်သတ်တွေက ဧကရာဇ်နဲ့ အမျိုးသမီးစစ်သည်ကြားမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို သိချင်လာပြီး စိတ်လှုပ်ရှားစွာနဲ့ စတင်ဆွေးနွေးလာကြသည်. Poliana က သစ်ပင်ကို ထိုးနှက်နေတာမြင်တော့ သူတို့တွေက အကြောင်းအရာအမျိုးမျိုးကို မှန်းဆ ပြောဆိုလာကြတော့သည်.

သူမက သစ်ပင်ကို ထိုးလိုက်တော့မှ စုန်းမတစ်ယောက်ရဲ့ အချစ်မှော်ပညာရပ်တစ်ခုက ဖြစ်ပေါ်လာတာလို့ ထင်လိုက်သည်. ဒါမှမဟုတ် Marquess က သစ်ပင်မှာ ပိုးကောင်ကို တွေ့လို့ အဲ့ပိုးကောင်ကို သတ်နေတာလို့ လူတစ်ချိုု့က ထင်နေကြသည်. တစ်ချို့တွေကတော့ သစ်ပင်တွေဟာ ရုပ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေရှိမှ ပိုပြီး မြန်မြန်ဆန်ဆန်ကြီးထွားတာကြောင့် Marquess Winter က ဥယျာဉ်ထဲက သစ်ပင်တွေ မြန်မြန်ကြီးလာအောင် ကူညီနေတာလို့ ထင်လိုက်ကြသည်.

သစ်ပင်ကို ထိုးနှက်နေတဲ့ Poliana ကို စောင့်ကြည့်ရတာ ပျင်းလာတဲ့ ပရိတ်သတ်တွေက မကြာခင်မှာပဲ လူစုခွဲလိုက်ကြသည်. အဲ့နောက် ရုတ်တရက် နောက်ထပ် လူသစ်တစ်ယောက်က ဥယျာဉ်နားကို ချဉ်းကပ်လာသည်. အဲ့တာက သေးငယ်ပြီး ပိန်သွယ်တဲ့အမျိုးသားဖြစ်ကာ Poliana က သူ့ကိုတွေ့တော့ အထိတ်တလန့်ဖြစ်ကာ ခေါင်းငုံ့သွားသည်.

Emperor and the Knightness (Unicode) Book - 2Where stories live. Discover now