အခန်း ၂၂၄

237 28 2
                                    

Sir Deke က တောင်ပိုင်းဒေသရဲ့ ဘုရင်ခံအိမ်ယာကို မရောက်ခင်မှာ Lucius ရဲ့အမိန့်အရ တောင်ပိုင်းဒေသတွေကို ကြည့်ရှုလေ့လာခဲ့သည်. တောင်ပိုင်းဒေသတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ Sir Rabi က Sir Deke ကို ဝမ်းသာအားရကြိုဆိုခဲ့သည်. Sir Rabi က Sir Deke ကို တွေ့လိုက်ရတဲ့အတွက် အလွန်ပျော်ရွှင်နေသည်. သူ့ဆီကို မြို့တော်ကနေ ဧည့်သည်တွေ ရောက်မလာတာ ကြာပြီဖြစ်သည်. သူက Ingreter ညီအစ်ကိုတွေကိုလဲ အလွန်ချစ်ခင်နှစ်သက်သူဖြစ်သည်.

Bika မိသားစုက Yapa ကနေ ဂုဏ်ယူစရာကောင်းတဲ့ဧည့်သည်ရောက်လာတာကြောင့် ဂုဏ်ပြုပွဲကျင်းပဖို့ ကြိုးစားလိုက်ပေမဲ့ Sir Deke ကတော့ လုပ်စရာတွေရှိနေတာကြောင့် ငြင်းပယ်ခဲ့သည်. မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေလိုမဟုတ်ပဲ တောင်ပိုင်းမှာ Sir Deke အားကိုးလို့ရမဲ့ သတင်းပေးတွေ မရှိတာကြောင့် သူလိုချင်တဲ့ သတင်းတွေရဖို့ သူကိုယ်တိုင် စုံစမ်းမေးမြန်းဖို့ လိုနေသည်. ဒါက စိတ်ရှုပ်စရာ အခြေအနေဖြစ်ပေမဲ့လဲ မတတ်နိုင်ပေ.

ကျေးဇူးတင်ဖို့ကောင်းတာက တောင်ပိုင်းဒေသက အေးချမ်းနေသည်. Lucius အမိန့်နဲ့ Yapa ရဲတိုက်ကနေ မောင်းထုတ်ခံလိုက်ရတဲ့ Duchess Nani ရဲ့ ကိစ္စကြောင့် လက်အောက်ခံနယ်မြေဖြစ်တဲ့ Nanikun က ပြဿနာရှာလာမှာကို စိတ်ပူခဲ့ရပေမဲ့ ဘာပြဿနာမှ ဖြစ်မလာခဲ့ပေ. အဲ့အစား Nanikun ကလူတွေက Lady Rebecca အတွက် နာရေးအခမ်းအနားပြုလုပ်ပေးခဲ့ကာ မင်းသမီးလေး Luminae ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ပေးခဲ့ကြသည်. တောင်ပိုင်းဒေသမှာရှိတဲ့ တခြားလက်အောက်ခံနယ်မြေတွေကလဲ အတူတူပဲဖြစ်သည်.

Lady Rebecca နေရာမှာ ဧကရာဇ်က ဘယ်သူ့ကို အစားထိုးမလဲဆိုတာက လူတွေစိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်လာခဲ့သည်. ဒီအမျိုးသမီးက တောင်ပိုင်းဒေသကပဲဖြစ်မယ်လို့ မျှော်လင့်နေကြသည်. ဧကရာဇ်က သက်လတ်ပိုင်းအမျိုးသမီးတွေကို နှစ်သက်တယ်ဆိုတဲ့ ကောလဟာလက တည်ရှိနေဆဲ ဖြစ်ပေမဲ့ အရာအားလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်. တောင်ပိုင်းဒေသက အထက်တန်းလွှာ အမျိုးသမီးအများစုကတော့ ဧကရာဇ်ရဲ့နောက်မိန်းမဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ လျှို့ဝှက် ထွက်ခွာသွားကြသည်.

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora