Part 29

1.1K 154 15
                                    

Zawgyi

appaနဲ့အတူ ဒီယနေ့လေ့ကျင့်မှုအတွက်အားမရမချင်း ယှဉ်ပြိုင်ပြီးသည့်နောက် ကြိုးဝိုင်းထောင့်တွင်ကျောမှီထိုင်ကာ အမောဖြေမိသည်။လေကောင်းလေသန့်အားပျင်းပျင်းရှုနေရ၍ လက်ဝှေ့အိတ်အား ကြုံသလို ဆွဲဖြုတ်လေတော့ လွှတ်ပစ်မိသလို ဖြစ်သွားသည်။ကြိုးတန်းနှစ်ခုကြားမှဝင်လာသောဂျောင်ကုက အအေးနှစ်ဘူးကိုင်လာပြီး သူ့ကိုတဘူးပေးသည်။ခပ်မြန်မြန်ဖောက်ကာ ပါးစောင်အပြည့်သွန်ချပြီးသည့်နောက် ပြင်ပခန္ဓာကချွေးတလူလူထွက်နေသော်လည်း လည်ချောင်းတလျှောက်အေးစိမ့်သွားသည်။

"ပြိုင်ပွဲအတွက် ဘာလို့အဲ့လောက်ကြိုးစားနေတာလဲhyung…အပျော်သက်သက်ပြိုင်ပွဲပဲနော် အပြင်က ကစားသမားတွေလို သွားလုပ်လို့မရဘူး……"

သူအပျင်းအထန်ကြိုးစားနေတာတွေဂျောင်ကုနားလည်လိမ့်မည်မထင်။ကင်ထယ်ယောင်းဆီက အပြတ်သားဆုံးနည်းနဲ့ ဘာမှမျှော်လင့်လို့မရအောင် စိမ်းကားခံထားရတာမို့ ရင်ထဲမွန်းသိပ်မှုတွေကို ဤနည်းနဲ့ သက်သာစေချင်လို့။hyungတွေအကုန်လုံးကပြောသည်။အရင်ကထက် လူကောင်ပိုသေးသွားသည်တဲ့။ကိုယ်တိုင်က အစားလျှော့နေသည့်အပြင် ဂရုတစိုက်နှင့်ကျွေးပေးမည့်သူမရှိမှတော့ ဟုတ်တိပက်တိ မစားချင်တော့ပါ။ထိုနေ့က ကိုယ်တိုင်ချက်ပြုတ်ထားသည့်ထမင်းဘူးလေးလို တယုတယနှင့် ယူဆောင်ခဲ့ပြီး ကြမ်းပြင်မှာ တစစီမောက်ကျနေတာတွေ မြင်တော့ စိတ်မကောင်းသလို ရှက်လည်းရှက်မိသည်။နောက်နေ့မှစကာ ကင်ထယ်ယောင်းနှင့် မတော်တဆအခြေအနေမှာတောင် မဆုံမိဖို့ ရှောင်ကျဉ်ခဲ့သည်။

တကယ်ပါ အချစ်ကိုဘယ်လိုနားလည်ရမလဲတောင်မသိတော့ပါ။hyungတွေတောင်မြင်သာနေချိန်တုန်းက ကင်ထယ်ယောင်း သူ့ကိုချစ်နေတယ်ဆိုတာ အရိပ်အယောင်အနေနဲ့ပင်သဘောမပေါက်ခဲ့ဘူး။အခု သူ့ဘက်က တိတိကျကျအဖြေပေါ်တော့မှ ချစ်ခွင့်တောင်မရှိတော့ဘူးတဲ့လေ။

"ဂျောင်ကု…"

"အင်း……"

"ပြိုင်ပွဲနေ့ သူလာမယ်လို့ထင်လား…"

အအေးဘူးကိုမော့နေသည့်ဂျောင်ကုလက်တွေက ရပ်သွားသည်။မတ်တပ်ရပ်နေရင်းမှ ဒူးတဖက်ပေါ်လက်တင်ကာ ထိုင်နေသည့်hyungအား ကြည့်လေတော့ taehyung hyungကိုသတိရနေတယ်ထင်၏။ လေ့ကျင့်နေချိန်သာ hyungခေါင်းထဲ taehyung hyungမရှိပေမဲ့ ကျန်သည့်အချိန်တွေတော့ မတွေးချင်လျှင်တောင် ရမှာမဟုတ်ပေ။

Comic love{completed}Donde viven las historias. Descúbrelo ahora