part-6

522 56 9
                                    

နောက်ပိုင်းကပိုပိုsadလာတော့မှာပါ ဒါပေမဲ့အဆင်ပြေလာမှာပါ😁😁

_________________________________________

Harryသည်ပျင်းပျင်းနဲ့ အပြင်ကိုထွက်လာတယ် သူမြင်လိုက်ရတာကတံခါးနားမှာစာရောက်လာတယ်ဆိုတာပါပဲ။
သူလဲပျော်သွားပီးထိုစာကိုဖောက်ကြည့်လိုက်တယ်။
"မင်းအဆင်ပြေလား ငါစာ‌မရေးမိတာတောင်းပန်ပါတယ် မင်းနှာခေါင်းသွေးယိုနေတာလား မင်းကိုမင်းဂရုစိုက်ပါဆို ပေါ့ပေါ့စစနဲ့အမြဲတမ်း ငါကအဆင်ပြေတယ် ငါပျော်နေတယ် ငါလေမင်းရဲ့နှုတ်ခမ်းလေးကိုလွမ်းတယ် အဆင်မပြေနေရင်လဲငါ့ကိုပြောနော် ငါ့မှာမင်းလေးကိုပဲစိတ်မချဖြစ်နေတာ ငါကဒီမှာလွတ်လပ်ပါတယ် ပျော်နေရောပဲ မင်းအဆင်ပြေရင်ပီးတာပါပဲ ငါမင်းကိုလွမ်းတယ် မင်းရဲ့daddy draco"
ထိုစာကိုဖတ်ပီးပျော်နေသော harryကတော့ နောက်ကွယ်ကအဆင်ပြေမနေတာကိုမသိနေဘူးပေါ့။ပျော်နေပါတယ်ဆိုတဲ့စာကအလိမ်အညာတခုဖြစ်တာကိုလဲသူမသိခဲ့ဘူး။

ထိုသိုနှင့် ကျောင်းဖွင့်ချိန်ရောက်လာခဲ့တယ်။
သူတို့လဲကျောင်းရောက်လို့ရထားပေါ်ကဆင်းကြတယ်။harryကတော့သူ့ကိုလာကြိုမဲ့သူကိုစောင့်နေတယ်။အချိန်ကြာအောင်စောင့်နေပေမဲ့ထိုသူသည်ရောက်မလာခဲ့။ထို့ကြောင့်သူလဲစိတ်ပျက်လက်ပျက်နှင့်သာကျောင်းကိုသွားတယ်။သူဟိုရောက်တော့လိုက်ရှာနေပေမဲ့ထိုသူကိုမတွေ့။
In Harry pov:
"သူ့ကိုများတွေ့ရမလာလို့ အိမ်ကနေအပြေးလာခဲ့တာ သူကအခုတော့ဘယ်ပျောက်လို့ဘယ်ရောက်နေမှန်တောင်မသိဘူး"
ဒီလိုနဲ့ညစာစားပွဲကြီးကျင်းပကြတယ်။သူများတွေကပျော်နေကြပေမဲ့ harryကတော့‌လက်ပေါ်မေးထောက်ကာငိုင်နေသည်။
"ဟဲ့မင်းတို့သိလား dracoကနောက်နှစ်တွေကို ဒီမှာမဟုတ်တဲ့စာသင်ပီးအချိန်မဖြုံးတော့ဘူးလို့ကြားတယ် သူဒီနေ့လဲကျောင်းမလာဘူး"
Slytherinအဆောင်သားများကတီးတိုးပြောနေတာကိုharryတယောက်ကြားဖြစ်အောင်ကိုကြားလိုက်ပါတယ်။သူလဲစားပီးတော့အပြန်မှာ ထောင့်တထောင့်မှာရပ်နေတဲ့dracoကိုတွေ့လိုက်တယ် သူလဲမြင်ပီးလက်ပြလိုက်တယ်။ဒါပေမဲ့ ထိုလူသားသည် သူ့လဲမြင်ရော ထွက်ပြေးသွားတယ်။
"ငါဘာအမှားလုပ်ထားလို့သူကငါ့ကိုရှောင်သွားတာလဲ"
Harryတယောက်တွေးနေလေတယ်။နောက်တစ်နေ့မနက်ကြတော့ harry စာသင်မို့အဆောင်ကအထွက်မှာ Slytherinအဆောင်သမားတွေကလမ်းပိတ်ရပ်လိုက်ကြပါတယ်။
သူတို့က နကိုယ်ကတည်းကမတည့်တဲ့သူတွေပါ။
"ငါ့ရှေ့ကဖယ်ပေးကြပါ"
"မဖယ်နိုင်ပါဘူး အရပ်ကလဲပုသေး ဒီလောက်စုတ်ပြတ်နေတဲ့ကောင်ကို dracoဘာကြည့်ပီးကြိုက်တာလဲမသိဘူးနော် ဟရောင်တေ"
"အေးလေ ကြောင်တောင်တောင်ကောင်ကိုများကြိုက်တယ်လို့"
"သူကလဲရူး‌နေလို့နေမှာပေါ့"
"မင်းတို့dracoကိုဘာမှပြော‌ေနစရာမလိုဘူး"
စိတ်တိုသွားပီးညိမ်မနေနိုင်တော့harryတယောက်သူ့လည်ပင်းကိုဆွဲကာပြောလိုက်တယ်။
"မင်းကငါ့ကိုလုပ်ရဲတယ်ပေါ့‌ေဟျာင့်တွေ သူ့ကိုထိုးကြ"
သူတို့လဲharryကိုဝိုင်းပီးတော့ထိုးနေကြတယ်။အဲ့မှာdracoရောက်လာတယ်။သူကအစကတော့မမြင်ချင်ရောင်ဆောင်သွားချင်ပေမဲ့နောက်တော့ထိုကောင်လေးသည်နှုတ်ခမ်းပေါက်ပီး သွေးများကျလာ‌တာကြောင့်dracoသည်သူတို့အားဝင်ထိုးလိုက်သည်။နောက်တော့ဟိုကောင်တွေလဲကြောက်ကာထွက်ပြေးသွားကြတယ်။harryသည်dracoကိုဖက်မလို့ထတုန်းရှိသေးတယ် ထိုလူသားသည်ထွက်ပြေးသွားတယ်။‌ထိုလိုနှင့်သူတို့မခေါ်မတွေ့ကြတာ တစ်လကုန်သွားခဲ့တယ်။
တနေ့ကြတော့ သူတို့တွေ့နေကြသစ်ပင်ဟောင်းကိုဟယ်ရီ ရောက်လာတယ်တိုက်တိုက်ဆိုင်ဆိုင်အဲ့မှာလဲ dracoရောက်နှင့်နေပီးသားသူသည်အင်္ကျီကိုတတောင်ဆစ်ထိခေါက်ပီး သူ့ရဲ့လက်ကမဲမဲအမှတ်အကြီးကြီးကိုကြည့်နေသည်။harryသည်အဝေးကမို့အဲ့အမှတ်ကိုမမြင်ရ။
ပီးတော့သူလဲ လှမ်းခေါ်လိုက်ပါတယ်။
"Draco......!"
ထိုခေါ်သံကြားသောထိုလူသားသည် လက်ကိုအောက်ထိဆွဲချကာ harryဘေးကဖြတ်သွားသည်။
"မင်းဘာလို့ငါ့ကို‌ေရှာင်နေတာလဲ....😭"
Harryသည်မျက်ရည်များနှင့်သူ့ကို‌ေနာက်က‌ေနခါးကိုဖတ်လိုက်သည်။
"မင်းငါနဲ့ဝေးဝေးနေ.......ငါမင်းအပေါ်အရင်လိုစိတ်တွေမရှိတော့ဘူး"
Harryလက်ကိုလွှတ်ကာပြောလိုက်သည်။ထိုလူသားသည်ကျောပေးရင်ပြောနေတာဖြစ်တာကြောင့်harryသည်သူမျက်ရည်ကျနေတာကိုမမြင်ရပါဘူး။
"မင်းငါ့ကိုညာတယ်...မင်းကတိကိုမင်းဖျက်တယ်....ငါမင်းကိုမုန်းတယ်"
Harryသည်ထိုသို့ပြောကာထွက်သွားလေသည်။ကျန်နေခဲ့တဲ့သူကတော့ မျက်ရည်ကျကာ ဒူးထောက်လိုက်တယ်။
"ငါတောင်းပန်ပါတယ်potter....ငါမင်းကိုအခုလိုလုပ်မှမင်းအဆင်ပြေမှာမို့လို့ပါ"
သူသည်harryသူ့ကိုမုန်းသွားရင် သူ့ကောင်လေးအဆင်ပြေမယ်လို့သူတွေးလိုက်လို့ပါ။
ဒီလိုနဲ့သူတို့လဲစကားမပြောဖြစ်ဘူး။harryလဲသူ့ဘာသာသူပျော်ပျော်ရွှင်ရွှင်ပဲပေါ့။သူ့သူငယ်ချင်းတွေကသိပါတယ်။dracoကသူ့ကိုမပြောဖို့မှာထားလို့ဖြစ်တယ်။တစ်နေ့ကြတော့သူတို့ညစာစားပွဲကျင်းပကြတယ်။အဲ့မှာကောင်လေးတချို့ကစုပီးတော့တိုးတိုး တိုးတိုးပြောနေကြတယ်။သူလဲသွားနားထောင်ကြည့်လိုက်တယ်။
"ဟဲ့မင်းတို့သိပီးပီလား dracoကသူတို့ထဲကတယောက်ဖြစ်သွားပီတဲ့"
"ဟုတ်လားငါတော့သူ့နားတောင်မကပ်ရဲတော့ဘူး ကြောက်တယ်"
"အေးသူ့အဖေကလဲ deatheaterဆိုတော့ သူ့သားကလဲရှောင်လွှဲလို့မှမရတာ"
"သူတို့တမျိုးလုံးပဲတဲ့ကွ မျိုးရိုးစဉ်ဆက်ကွ"
"အေသူ့အဖေကသူ့ကိုချုပ်နှောင်တယ်လို့ပြောတယ်"
"ပြောရင်းတောင်ကြောက်လာပီ"
Harryမထင်မှတ်ဘဲကြားလိုက်ရတယ်။သူ့ကိုပိုပီးရှော့ရစေခဲ့တာကတော့ dracoအ‌ဖေကdracoကိုချုပ်နှောင်တယ်ဆိုတာပါပဲ။သူလဲအဲ့‌ေနရာကထွက်လာခဲ့ပီး သစ်ပင်ဆီကိုသွားတယ်။သူထင်တဲ့အတိုင်းအဲ့မှာသူရှိနေတယ်လေ။dracoသည်မတ်တပ်ထရပ်လိုက်ပီးပြန်မလို့လှည့်လိုက်တော့harryကိုမြင်သွားတယ်။သူလဲအဲ့နေရာကထွက်သွားဖို့အပြင်မှာ
"မင်းဘာလို့ငါ့ကိုညာရတာလဲ....ငါ့အပေါ်ဘာလို့အမြဲညာနေရတာလဲ"
"ငါပြောပီးပီလေ...ငါမင်းအပေါ်အရင်လိုစိတ်မရှိတော့ဘူးလို့"
သူလဲပြောပီးထွက်သွားမလို့လုပ်နေတုန်းသူ့ကိုတုန်သွားစေတဲ့စကားတခွန်းကြားလိုက်ရတယ်။
"မင်းကို မင်းအဖေကချုပ်နှောင်တယ်ဆိုတာကိုလေ....ပြော!!!...ဘာလို့ငါ့ကိုညာတာလဲ"
Harryသည်မထိန်းနိုင်တဲ့အဆုံးအော်ချလိုက်တယ်။
"အင်း...ငါကdeatheaterတယောက်ပဲအာ့ကြောင့်...ငါနဲ့ဝေးဝေးနေ....ရှောင်နေသူများတွေလို"
"ဟင့်အင်း....မင်းဘာပဲဖြစ်ဖြစ်ငါမင်းကိုမကြောက်ဘူး..... ငါကြောက်တာမင်းတခုခုဖြစ်တာကိုပဲ...အဲ့တာငါမင်းကိုချစ်နေလို့ပဲ"
Harryသည်ထိုသို့ပြောပီးdracoကိုပြေးဖက်လိုက်တယ်။
"မင်းဖယ်နေ....မင်းကမယုံလို့မကြောက်ဘူးပြောတာလား...ဒီမှာကြည့်"
Dracoသည်သူ၏လက်ကအင်္ကျီကိုခေါက်ကာပြလိုက်သည်။
ဖြူဖြူဖွေးဖွေးလက်မောင်းပေါ်မှာ အထင်းသားပေါ်နေတဲ့ အမဲရောင်ထိုအမှတ်အသား။harryသည်ထိုအမှတ်သားအားကိုင်ပီး နှုတ်ခမ်းနဲ့ဖြေးဖြေးလေးထိနမ်းကာ ပြောလိုက်တယ်။
"ငါမင်းဘယ်လိုပဲဖြစ်နေဖြစ်နေငါမကြောက်ဘူး အဲ့တာတွေကငါ့အတွက်အရေးမကြီးဘူး..မင်းပျော်နေရင်ငါ့အတွက်တော့...လုံလောက်ပါပီ"
"ငါမင်းကိုချစ်တယ်"
Harryသည် မျက်ရည်များကျကာ ပြောလိုက်သည်။ထိုလူသားသည် ကြည့်မနေနိုင်တော့တဲ့အဆုံး harryကိုရင်ခွင်ထဲ ထည့်လိုက်တယ်။
"ငါမင်းကိုမညာတော့ဘူး....ငါအတွက်ဒါကခက်ခဲလွန်းတယ်...အခုအချိန်လေးတော့မင်းနေချင်တယ်လို့ပြောထားတဲ့ ငါ့ရင်ခွင်ထဲမှာအိပ်စက်လိုက်ပါ...ချစ်တယ်potter"
ထိုသို့နှင့်သူတို့တို့သည် ဝေးကွားခြင်းဆိုတဲ့‌ ပြင်းထန်လွန်းလှတဲ့တိုက်ပွဲကို အချစ်ဆိုတဲ့ဓါးတစ်ခြောင်းနဲ့ ‌တွန်းလှန်းနိုင်ခဲ့ပီး သူတို့နဲ့အချစ်ခရီးကိုဆက်လက်ထွက်ခွာကြတယ်။ထိုညလေးကတော့ဘယ်တော့မှပြန်မရနိုင်တဲ့ အချစ်-မျက်ရည်တွေနဲ့အတူကုန်ဆုံးခဲ့ကြတယ်။

🍁 my symphony 🍁Where stories live. Discover now