part-1

1.9K 116 9
                                    

~ meရဲ့ပထမဆုံးစရေးတဲ့ficမို့လို့သည်းခံပီးဖတ်ပေးကြပါ။ အခု ficမှာပါဝင်တဲ့ဇာတ်ကောင်တေကိုလဲထိခိုက်လိုခြင်းမရှိပါ။(အခုမှစရေးတာမို့လို့မကောင်းခြင်းသည်းခံပါ)


------------------------------------------------------------





"ဟယ်ရီ .... ဟယ်ရီ"
အိပ်ပျော်နေသောပေါ်တာအား အောက်ထပ်မှလှမ်းနှိုးနေသောသူမှာ ရွန်ပင်ဖြစ်သည်။
ဟယ်ရီလဲစားပွဲခုံပေါ်တင်ထားသော မျက်မှန်အားတပ်ကာအောက်ထပ်ကိုဆင်းလာသည်။
ရွန်သည် ဆံပင်နီကြောင်ကြောင် မျက်တောင်မွှေးအနီရောင်နှင့်အသားဖြူဖြူ ဝီစလေမျိုးရိုးဖြစ်သည်။
ပေါ်တာသည်အရပ်အနေတော်၊အစိမ်းရောင်သမ်းသမ်းလေးဖြစ်နေသောမျက်လုံးနှင့်မျက်မှန်ဝိုင်းလေးတပ်ထား‌ေသာဟယ်ရီပေါ်တာဖြစ်သည်။
"Marry Christmas harry"
"Marry Christmas Ron"
ပေါ်တာသည်ကျောင်းအင်္ကျီလဲပီးအဆောင်ရဲ့အပြင်သို့ရွန်နဲ့အတူထွက်ခဲ့သည်။
သူတက်ရောက်နေသောကျောင်းတော်ကြီးမှာ ခပ်မြင့်မြင့်အဆောင့်အဦးကျယ်သောအခန်းများနှင့်အဆောင်လေးဆောင်ရှိသည့်မှော်ပညာများကိုသင်ကြားပေးသောhogwartပင်ဖြစ်သည်။

"ငါတို့ခနနေ potionဘာသာသင်ရတော့မယ်"
"ငါကအဲ့ဘာသာဆိုအရမ်းပျင်းတာ"
လေးလန်တဲ့လေသံနဲ့ပြောလိုက်သောရွန်ဖြစ်သည်။
"ဟေး......"
သူတို့လမ်းလျှောက်နေရင်းအနောက်မှတ‌စ်ယောက်ယောက်လှမ်း‌ခေါ်လိုက်သညိ။
အရပ်အနေတော် အနီရောင်ဆံပင်ရှည်ကောက်ကောက်နှင့်လက်ထဲတွင်စာအုပ်လေးပိုက်ထားသော ဟာမိုနီ ဂရိန်ဂျာ ဖြစ်သည်။
"နင်တို့ဆေးရည်ဘာသာသင်မှာလား ငါကတော့မသင်ဘူး"
"ငါတို့လဲမသင်ရင်ကောင်းမလားလို့ အဲ့ဟာကြီးသင်ရတာပျင်းစရာကြီး"
"အဲ့တာကြောင့်ပြောတာပေါ့"
သူတို့သည်ဆေးရည်ဘာသာမသင်တော့ဘူးဟုဆုံးဖြတ်ပီးနားနေဆောင်ကိုပြန်သွားရန်အပြင်
"ဟူးဟူး...ဟိုမှာဘယ်လဲကြည့်လိုက်ပါဦး"
လမ်ပိတ်ရပ်လိုက်သောmalfoyပင်ဖြစ်သည်
အရပ်ရှည်ရှည် ဆံပင်ရွေဝါရောင်အဖျော့ ငွေရောင်သဲ့သဲ့လေးသန်းနေသောမျက်လုံးများနှင့်ထိုသူမှာdraco malfoyဖြစ်သည်။
Harry potterနှင့်malfoyဆိုသည်မှာလည်တွေ့လျှင်ရန်ဖြစ်ဖို့ကြည့်ဖြစ်နေကြတဲ့မတည့်သောသူနှစ်ယောက်ဖြစ်သည်။မတည့်သည့်အပြင် အဆောင်ကလဲမတူ။
"မင်းလမ်းမင်းသွားစမ်းပါ"
ရန်းမဖြစ်စေလိုသောကြောင့်ကြားထည်းကဝင်ပြောလိုက်သောရွန်
"မင်းဖယ်နေစမ်းပါစောက်ကြောက်ရွန် ငါကမင်းနဲ့စကားပြောဖို့လာတာမဟုတ်ဘူး စောက်တတ်ကြီးပေါ်တာဆိုတဲ့ကောင်ကိုပြောဖို့လာတာ"
"မင်းငါ့သူငယ်ချင်းကိုပြောနေစရာမလိုဘူးဟေ့ရောင် Malfoy"
"ဟူးဟူးကြောက်ပါတယ်ဟ😏"
"မင်းကသနားစရာကောင်ပဲ malfoy"
ထိုသို့ပြောပီးသူကိုတွန်းကာအဆောင်ကိုပြန်သွားသောပေါ်တာ။
ကျန်ခဲ့သည့်ထိုကောင်လေးကတော့
"တောက်ကွာ... မင်းတွေ့ကြသေးတာပေါ့ ပေါ်တာ"
ဘာလိုလိုနဲ့ညရောက်သွားခဲ့တယ် သူတို့စာပွဲသောက်ပွဲကြီးကျင်းပပြီးအပြန်တွင်
"ပေါ်တာ!!!"
In harry pov:
ဒီကောင်ဘာဖြစ်နေတာလဲမသိဘူး
ပေါ်တာသည်ထိုသို့တွေးကာဂရုမစိုက်ပဲmalfoyဘေးကနေအသာလေးဖြတ်သွားတယ်
ထိုအချိန်မှာ malfoyသည်‌ေတာ်တော်ဒေါသထွက်ပီး ပေါ်တာလက်ကိုဆွဲကာနံရံမှာကပ်လိုက်သည်။
ပေါတာသည်မျက်လုံးပြူးစွား malfoyကိုကြည့်ကာ
"မင်း...မင်းငါ့ကိုလွှတ် တခြားသူတွေမြင်ရင် မကောင်းတာမင်းသိမှာပါ သနားစရာကောင်ရဲ့"
ဟယ်ရီသည်စကားထစ်ငေါ့ထစ်ငေါ့ဖြစ်နေလေရဲ့။
ပီးတော့malfoy ရင်ဘက်ကိုခပ်ပြင်းပြင်းထုပီး ကော့တော့ကော့တော့နှင့်ပြေးသွားသည်။
ကျန်ခဲ့သူကတော့ပါးစပ်အဟောင်းသားနှင့်
In Malfoy pov:
ငါဘာလုပ်လိုက်လို့ ငါ့ရင်ဘက်ကိုထုရတာလဲ ခံစားချက်ကြီးကမကောင်းလိုက်တာ သူပြေးသွားတာလေးကချစ်စရာလေး ဟဲ့ ဟဲ့ငါဘာတွေတွေးနေတာလဲ
ထိုကောင်လေးသည်သူ့အတွေးထဲတွင်မေးခွန်းများထုတ်နေရသည်။
ထိုနေ့ကစပီးတစ်ပတ်လုံးလုံးသူတို့တွေရန်မဖြစ်ကြတော့ဘူးတွေ့လဲစကားမပြောကြပဲကိုယ့်လမ်းကိုသွားကြသည်။
ထိုညက‌မြင်ကွင်းအား‌ေချာင်း၍မြင်ခဲ့ရသော ပေါ်တာ၏သူငယ်ချင်းနှစ်ဦးသည်သူတို့နှစ်ယောက်လမ်းမှာ‌ဆုံတိုင်းပြုံးစိစိဖြစ်နေကြသည်။
တစ်နေ့တော့dracoသည်စိတ်ကိုဖြေချ၍ပေါ်တာရှိတဲ့နေရာကိုလာခဲ့သည်။
အဲ့နေ့ကပေါ်တာသည် snapeအတန်းထဲတွင်သူငယ်ချင်းများနှင့်အတူစာလုပ်နေခဲ့သည်။ခနနေကြတော့
"ပေါ်တာ!!"
ခေါ်သံကြားလို့လှညှ့်ကြည့်လိုက်တော့တခြားသူမဟုတ်dracoပင်ဖြစ်သည်။
ရွန်နှင့်ဟာမိုနီသည်ပေါ်တာအားကြည့်‌၍
"သွားလေပေါ်တာ နင့်ကိုကိုခေါ်နေတယ်"
ထိုသို့တိုးတိုးလေးပြောလိုက်သည်။
"စနေတာရပ်တော့နော်နင်တို့နှစ်ယောက်"
"မရပ်ဘူး"
တစ်ပြိုက်နက်ထဲပြောလိုက်သည်။
"ဘာလာလုပ်တာလဲ draco"
Snapeမှပြောလိုက်သည်။
"ကျတော်ပေါတာဒီမှာရှိနေတယ်ကြားလို့လာခဲ့တာပါ"
ထိုသို့ပြောပီးပီးခြင်းပဲ တတန်းလုံသည်
"အိုး..........."
အကုန်စတဲ့လေသံတွေနဲ့အော်လိုက်ကြတယ်
"တိတ်ကြစမ်း"
စနိပ်မှအော်လိုက်သည်။
"ပေါ်တာစာပီးရင်သွားလို့ရတယ် မပီးရင်ထဖို့တောင်မကြံနဲ့"
"ကျတော်မပီးသေးဘူးဆရာ"
"ကြားတယ်နော်draco မင်းပြန်လို့ရပီ"
"ပေါ်တာမင်းပီးရင် ငါ့ကိုquidditchကွင်းမှာလာတွေ့"
ပေါ်တာသည်ဘာစကားမှမပြောဘဲစာကိုကုံးလုပ်နေသည်။
ခနနေကြတော့
"ကျနော်ရေးလို့ပီးပီဆရာ"
"ပီးရင်မင်းဆင်းလို့ရပီ"
စာအုပ်များသိမ်းပီးအဆောင်ကိုထွက်လာခဲ့သည်။
သူလည်းပင်ပန်းနေတာကြောင့်တရေးအိပ်ပျော်သွားတယ်။


🍁 my symphony 🍁Where stories live. Discover now