ဒါတွေက မုန့်ရန်သိပြီးသားအကြောင်းအရာတွေဖြစ်တယ်။accident မဖြစ်ခင်Kai တစ်ခုခုများ ရင်ဖွင့်ခဲ့သလားလို့ Selsey ကိုမေးကြည့်လိုက်တဲ့အခါ..

Kai က မိဘတွေကိုရော ဖရန်ဆွန့်ကိုပါ အရမ်းချစ်ခဲ့တယ်။ဒါပေမယ့် ချစ်သူနဲ့ မိဘကြားမှာ ပိတ်မိနေခဲ့တယ်။ဖရန်ဆွန်နဲ့ အတူရှိနေရတိုင်း ပြောမပြတတ်အောင်ပျော်ရွှင်ရပေမယ့် မိဘတွေဘက်က ကန့်ကွက်မှုအပြင် ဖရန်ဆွန်ဘက်က တစ်ဖက်သတ်ရွေးချယ်မှုတွေလုပ်ခိုင်းတဲ့ အချိန်တိုင်းမှာ သူအရမ်းစိတ်ပင်ပန်းရကြောင်း Selesy ကို ရင်ဖွင့်ခဲ့ဖူးတယ်တဲ့....

Seley ပြန်သွားပေမယ့်လဲ မုန့်ရန်က မှန်နံရံတစ်ဖက်က Kai ကို ငေးကြည့်နေခဲ့တယ်။မုန့်ရန် Kai ရဲ့အတွေးတွေကို စဉ်းစားကြည့်ခဲ့တယ်။ဘယ်လိုကြောင့် ထွက်ပြေးခဲ့တာလဲ??မင်းရဲ့နှလုံးသားထဲမှာ ဖရန်ဆွန့်ကို အရမ်းတွေ့ချင်နေခဲ့တာကြောင့်လား??ဒါမှမဟုတ် မင်းရဲ့နှလုံးသားထဲမှာလိုအပ်နေတဲ့အရာတစ်ခုကိုဖမ်းဆုပ်ထားဖို့ မင်းမှာ သတ္တိတွေရှိနေခဲ့တာလား??

မိသားစုနှစ်ခုကြားက မပြေလည်မှုတွေက မုန့်ရန်နဲ့ နသတ်ဆိုင်သလို၊အလုံးစုံနားလည်နေဖို့လဲ မလိုအပ်ခဲ့ဘူး။မုန့်ရန်ရဲ့ အလုပ်က Kai ကို အမြန်ဆုံး သတိပြန်ရလာအောင် တတ်နိုင်သမျှ နည်းစုံလမ်းစုံသုံးပြီးညကုသပေးရုံတင်ပါ...

မုန့်ရန်က Kai ကိုကုသပေးချိန်တိုင်း ဖရန်ဆွန်ကိုပါ ခေါ်ထားပေးဖို့ ဒေါက်တာDevic ကိုဖြောင်းဖြခဲ့တယ်။ဖရန်ဆွန့်ကို တွေ့ဖို့ ခိုးထွက်ရာကနေ အခုလိုဖြစ်ခဲ့တာကြောင့် ဖရန်ဆွန်သာအနားမှာရှိနေပေးမယ်ဆို အမြန်ဆုံးသတိပြန်ရလာနိုင်ကြောင်း ရှင်းပြပေးခဲ့တယ်။Devic က မုန့်ရန်ရဲ့ အဆိုပြုချက်ကို Kai ရဲ့ မိဘတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။Kai ရဲ့မိဘတွေ အပြင်းအထန်ကန့်ကွက်ကြတဲ့အခါ Devic က Kai ရဲ့မိဘတွေကို တစ်ကိုယ်ကောင်းဆန်ပြီး အရည်အချင်းအပြည့်ဝတဲ့ မိဘတွေအဖြစ် အပြစ်တင်ဝေဖန်ခဲ့တယ်။လူနာအုပ်ထိန်းခွင့်နဲ့ ခြိမ်းခြောက်လိုက်တော့မှသာ ဖရန်ဆွန့်ကို ခေါ်ထားဖို့ သဘောတူလိုက်ကြတယ်။

မုန့်ရန်က ဆေးညွှန်းတွေကို ပြန်ညှိလိုက်ပြီး ကုသချိန်တိုင်းမှာ ဖရန်ဆွန့်ကိုစကားပြောခိုင်းတာတွေ၊ ဖရန်ဆွန် ကိုယ်တိုင် Kai ကို နှိပ်နှယ်ခိုင်းတာတွေကိုပါလုပ်ဆောင်ခဲ့တယ်။ချစ်သူတွေကြားမှာ အခုလို ရင်းနှီးတဲ့ ထိတွေ့မှုတွေက Kaiကို လှုံ့ဆော်ပေးနိုင်ပြီး မကြာခင် နိုးထစေနိုင်လိမ့်မယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Där berättelser lever. Upptäck nu