Chapter VII

3.7K 331 2
                                    

စာအိတ်ကထဲကစာရွက်ကိုထုတ်ကြည့်လိုက်တော့သူလုံး၀မထင်ထားတဲ့အရာတစ်ခု....Glioblastoma ပတ်ဂျီမင်က Glioblastoma ဖြစ်နေတာတဲ့ ။ အတွေးထဲအကုန်ဗလာနတ္တိဖြစ်လာပြီး စို့နင့်လာတဲ့ခံစားချက်နဲ့အတူ ငိုချချင်ပေမယ့် တစ်ခုခုကခံနေသလိုမျက်ရည်များကျမလာခဲ့ပေ ။ နောက်နေတာမလား....နောက်နေတာဘဲနေမှာ သေချာအောင်သူ့ကိုသွားမေးရမယ် ။ မဟုတ်ပါစေနဲ့ သနားသောအားဖြင့် ဆုတောင်းသံတွေကိုတော့ လျစ်လျူမရှုလိုက်ပါနဲ့ဗျာ ။

"ဒါဘာလဲဆိုတာရှင်းပြလို့ရမလား ပတ်ဂျီမင်ရှီး"

"မင်းတွေ့တဲ့အတိုင်းဘဲလေ Jeon"

မဟုတ်လောက်ပါဘူးလို့တွေးနေခဲ့ပေမယ့် ထိုလူသားသည်အဆုံးစွန်ထိသွေးအေးဆဲ သွေးအေးမြဲ ။ ဒီတစ်ခါလည်းဆုတောင်းတွေက ဘုရားဆီမရောက်ဘူးထင်ပါရဲ့.....

"ဘယ်အချိန်ထိဖုံးကွယ်ဖို့စဥ်းစားထားတာလဲ"

"ဖြစ်နိုင်ရင်တစ်သက်လုံးပေါ့ Jeon"

လုပ်ရက်လိုက်လေခြင်းလို့အပြစ်တင်ချင်ပေမယ့် မတင်ရက်ခဲ့ သူ့ကိုယ်တိုင်လည်းအပြစ်ကင်းနေတာမဟုတ်တာ....

"သွေးအေးလိုက်တာ ပတ်ဂျီမင်ရယ်"

"ဒီတိုင်းဘဲဆက်နေသွားမှာလား"

"ဒီတိုင်းဆက်မနေလို့ ဘယ်လိုနေရမလဲ Jeon ။ တကယ်တော့ကိုယ်...ကိုယ်ကြောက်နေခဲ့တာ ဒါပေမယ့်မျှော်လင့်ချက်မရှိတော့ဘူး"

"ခွဲစိတ်ရင်တောင်အသက်ရှင်ဖို့မသေချာဘူးတဲ့ ကိုယ်လေ....ကိုယ်ဘာအမှားလုပ်မိခဲ့လည်းမသိပေမယ့် ဒီလိုမျိုးအပြစ်ပေးတာကတော့လွန်တယ်မလားဟင်"

"ခင်ဗျားရယ်...."

မျက်ရည်တွေကျကာတုန်ရီစွာပြောနေတဲ့သူ့ကို မကြည့်ရက်နိုင်ခဲ့....ခင်ဗျားရယ်လို့သာပြောထွက်ခဲ့ပေမယ့် ရင်ဘတ်ထဲဘယ်လောက်ထိမွန်းကြပ်နေတယ်ဆိုတာ သူသာအသိဆုံး ။ မနေနိုင်တဲ့အဆုံး တုန်ရီနေတဲ့ကိုယ်ငယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ ငှက်မွေးလေးလိုပေါ့ပေါ့ပါးပါး ။ တစ်အိမ်ထဲတူတူနေပြီး သူဆေးတွေသောက်နေတာသိရက်နဲ့တောင် အရေးမစိုက်မိလေခြင်းဆိုပြီး အပြစ်တင်စိတ်တွေကအလုံးလိုက်အရင်းလိုက်အခုမှ၀င်လာသလို....ချစ်လိုက်တော့မလို့လေ အရှုံးခံပြီးချစ်လိုက်တော့မလို့ လုပ်ကာမှ ဘာလို့...ဘာလို့ဒီလိုဖြစ်ရတာလဲ ။ လွဲမှားတဲ့အချိန်မှာဆုံဆည်းပေးခဲ့တဲ့ကံတရားကိုဘဲအပြစ်တင်ရမလား ဘယ်အရာကိုအပြစ်တင်ရမလဲ ။

LOVER = LO$ER //Complete//Where stories live. Discover now