Chapter IV

3.4K 337 0
                                    

အချိန်တွေကတရွေ့ရွေ့နဲ့ မြန်မြန်ဆန်ဆန်ကုန်ဆုံးလာသလိုဘဲ သန်ဘက်ခါသူလက်ထပ်ရတော့မယ်...။ ငြင်းဆိုခွင့်မရှိသလို အချစ်ကိုလောင်းကြေးထပ်တဲ့ အလောင်းအစားတစ်ခု ၊ သူ့ခံစားချက်တွေ ဝေး၀ါးစေမယ့် ဘယ်လိုအရာမဆို ရှောင်ရှားမှာဘဲ ။ ထိုသူကရော လက်ထပ်ပြီး သူ့အိမ်မှာဘဲ ၂ ယောက်တည်းနေပြီး ၁ ခန်းတည်းမျှသုံးရမှာလား....။

အန်ကယ် Park ကတော့ သူ့အပေါ်အဖေရင်းထက်တောင်ပိုကောင်းပေမယ့် ကျွန်တော်သံယောဇဥ်တွေထပ်မငြိတွယ်ချင်တော့ဘူး...။ အချိန်တန်ရင် အကုန်လုံးက မာမီ့လိုဘဲသူ့ကိုထားခဲ့ကြမှာ ထွက်သွားရမယ့် သူဘဲဖြစ်ချင်တယ် ချန်ခဲ့ခံရတဲ့ သူမဖြစ်ချင်ဘူး....။ ဒါဆို Park Jimin ခင်ဗျားကရော ဘယ်လိုလူမျိုးလဲ ။

ခန့်မှန်းရခက်တဲ့ ပုစ္ဆာလှလှလေးလို ဖြစ်တည်မှုမျိုးခင်ဗျားနဲ့ ကျွန်တော် ဘယ်လိုရှေ့ဆက်ရပါ့မလဲ....။ ခင်ဗျားစတင်ခဲ့တဲ့ ဂိမ်းမှာခင်ဗျားရော ကျွန်တော်ရော မရှုံးဘဲ ၇ လပြီးတာနဲ့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြရအောင် ။
_______________________

နေရောင်ခြည်နုနုတို့က ကောင်းကင်ပြာကိုပိုမိုလှပအောင်ပံ့ပိုးပေးနေသလို မြက်ခင်းစိမ်းပေါ်နဲ့ ပန်းခင်းတွေပေါ် နေရောင်ဖြာကျနေပုံက ရင်သက်ရှုမောဖွယ်အတိ....။

ဘေးနှစ်ဖက်မှာ ပန်းခင်းကြီးတွေ ကာရံထားတဲ့ ဥယျာဥ်အလယ်မှာ အဖြူရောင်နှင်းဆီပွင့်တွေ ပ၀ါအဖြူတွေခြံရံထားတဲ့ ကြားထဲက အဖြူရောင်စင်မြင့်လေးတစ်ခု ။ Media တွေ ၊ ဂုဏ်သရေရှိ လူကြီးတွေ ၊ နှစ်ဖက်မိဘဆွေမျိုးရဲ့ ချီးကျူးထောပနာပြုသံတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားကျသံတွေညံနေတဲ့နေရာက PJ Group နဲ့ JJ Group တို့ရဲ့ တစ်ဦးတည်းသော သားရတနာလေး ၂ ဦးရဲ့ ထိမ်းမြားလက်ထပ်ပွဲ....အရာရာပြည့်စုံနေပေမယ့် လိုအပ်နေတာက ဟန်ဆောင်မှုမဲ့တဲ့ သတို့သားတွေရဲ့ချစ်ခြင်းတွေ....။ နောက်ကွယ်မှာရှုံ့ချနေတဲ့ သူတွေက ယခုပွဲမှာတော့ လာရောက်ဂုဏ်ပြုပေးကြတဲ့ မျက်နှာနှစ်ဖက်နဲ့လူတွေ အို....အစုံပါဘဲ ။ သေချာတာကတော့ စီးပွားရေးနှစ်ခု ပေါင်းစည်းပွဲအပြင်မပိုခဲ့.....။

"အဆင်သင့်ဖြစ်ကြပြီလားရှင့် နောက်မိနစ်အနည်းငယ်နေရင် အခမ်းအနားစတော့ပါမယ်"

LOVER = LO$ER //Complete//Where stories live. Discover now