Chapter II

3.9K 389 2
                                    

တွေ့ရအောင်ဆိုပြီး ဖုန်းဆက်လာတဲ့ Park Jimin ကြောင့် သူချိန်းထားတဲ့ကော်ဖီဆိုင်ကိုသာလာခဲ့လိုက်တယ်....။ ရောက်ပြီး ၅ မိနစ်လောက်ကြာတော့ သူထိုင်နေတဲ့ စားပွဲကိုလာခေါက်တဲ့လူတစ်ယောက် အတိအကျပြောရရင် ယောက်ျားလေးဆိုသော်ငြား ပန်းပုရုပ်ကလေးကဲ့သို့လှပတဲ့သူ ဒါပေမယ့်သူ့လိုအလှအပမခံစားတတ်တဲ့သူအတွက်ကတော့ အရေးမကြီးပါဘူး အရေးကြီးတာကသူကဘယ်သူလဲဆိုတာ....

"ကျွန်တော့်ကိုသိလို့လား"

"အရင်ဆုံးထိုင်ခိုင်းသင့်တယ် မထင်ဘူးလားကောင်လေး ကိုယ့်နာမည် Park Jimin မင်းနဲ့လက်ထပ်ရမယ့်သူပေါ့"

"Park Jimin ဆိုလုံလောက်ပြီမို့လို့ လက်ထပ်ရမယ့်ကိစ္စကိုရေးကြီးခွင်ကျယ်ပြောနေစရာမလိုဘူး ဆိုပါဦး တွေ့ဖို့ချိန်းရတဲ့အကြောင်း"

"အေးဆေးပေါ့ကောင်လေးရဲ့ ကော်ဖီလေးတော့မှာပါရစေဦး"

"ခင်ဗျားကအေးဆေးပေမယ့် ကျွန်တော်ကတော့ခင်ဗျားနဲ့တစ်စက္ကန့်တောင်တူတူနေချင်တာမဟုတ်ဘူး"

"အဲ့တော့ကိုယ်ကဘာလုပ်ပေးရမလဲ"

"မင်္ဂလာပွဲကိုခင်ဗျားဘက်ကစဖျက်လိုက်"

"ခြိမ်းခြောက်နေတာလား ဘယ်လိုလုပ်မလဲ မင်္ဂလာပွဲကတော့မဖျက်ပေးနိုင်ဘူး"

"လိုချင်တာဘာလဲ"

"အသိအသာကြီးဘဲလေ Jeon Jungkook ဆိုတော့မင်းကိုပေါ့"

"ရယ်စရာတွေသိပ်မပြောနဲ့ ခင်ဗျားပြောတဲ့ဟာသကမရယ်ရဘူး"

"Okay လာရင်းကိစ္စကိုပြောတာပေါ့ ဂိမ်းတစ်ခုလောက်ဆော့ကြမလားကောင်လေး စိတ်၀င်စားဖို့ကောင်းမှာတော့အာမခံတယ်"

"လေကြီးလေကျယ်နဲ့ ပြောပါဦး ဘာဂိမ်းလဲ"

"၇ လအတွင်း ချစ်မိတဲ့သူအရှုံး"

"ဒါဆိုခင်ဗျားအရှုံးကိုလက်ခံဖို့သာ အသင့်ပြင်ထားလိုက် Jeon Jungkook ဘ၀မှာတော့ အရှုံးဆိုတာမရှိဘူး ပြီးတော့ကျွန်တော်ကအချစ်ကိုမယုံသလို မချစ်တတ်ဘူး Park Jimin ခင်ဗျားရွေးတဲ့သူမှားသွားပြီ"

"အပြောကောင်းလှချည်လား"

"ခင်ဗျားသာနောင်တမရစေနဲ့"

LOVER = LO$ER //Complete//Where stories live. Discover now