အပိုင်း ၁၄

En başından başla
                                    

အန်တီခင်လေးက ဂရုဏာသက်သလိုကြည့်ပြီး မေးလာပြန်သည်...

"အိမ်ကိုရော တစ်ခေါက်မှ ​မပြန်ဖြစ်ဘူးလား သမီး..."

"မပြန်ဖြစ်ဘူး အန်တီ...သမီးနဲ့ သိပ်လဲအဆင်မပြေလို့လေ... "

"အင်း...အဆင်ပြေအောင်နေလို့လဲ အန်တီ
မတိုက်တွန်းချင်ပါဘူး... ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာဆိုတော့လေ...အန်တီတော့ ငါ့သမီးကို အိမ်သာ ခေါ်ထားလိုက်ချင်တော့တာပဲ..."

ဓာတ်ပြားဟောင်းကြီး စဖွင့်တော့မှာ သိနေပြီမို့ ထည်ဝါနှင့် နှင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ရယ်မိတော့သည်...

"အံမယ် တော်တို့က ရယ်နေကြတယ်ပေါ့လေ...ကျုပ်ကိုများ လှောင်တယ်ပေါ့..."

"မေမေက ဒါပဲပြောတော့မှာ သိနေတာကိုး မေမေရဲ့..."

အန်တီခင်လေးက သူ့သားကိုသာ မျက်စောင်းတွေ လှိမ့်ထိုးပါသည်...

"ပြောရမှာပေါ့ တော်ရဲ့... မွေးကတည်းက ငါ့သမီး ငါ့သမီးလေးဆိုပြီး ခေါ်လာတာ...ကြီးလာရင် ငါ့ချွေးမလေးလို့ ခေါ်မှာလို့လဲ ပြောထားပြီးသား...အဲဒါကို တော်တို့က တုပ်တုပ်မှ မလှုပ်ကြဘူးလေ..."

"သမီးတို့က သူငယ်ချင်းတွေပါဆို အန်တီရယ်နော်...ဒီအတိုင်း သမီးလို့ပဲ တော်ပါ...ချွေးမတော့ မလုပ်ပါနဲ့... "

စကြားကာစ ရှက်ပေမယ့် ကြာတော့ နှင်းတို့လဲ ရယ်ရယ်မောမော ပြန်ပြောနိုင်ကြနေပြီ... ဆက်ပြောနေရင်း ထည်ဝါ့ဘက်ကို လှည့်ကာ စိတ်ဆိုးတော့မှာ မြင်နေပြီမို့ နှင်း ခပ်မြန်မြန် စကားစဖြတ်ရသည်...

"ခု သမီး ဗိုက်ဆာပြီ...ထမင်းစားရအောင် အန်တီခင်လေး နော်...ဘာတွေ ချက်ထားတာလဲ ပြောပါဦး... "

"ဟွန့် ထမင်းစားခန်းထဲ သွားမယ် ထကြ...ဟိုရောက်မှ ဘာချက်ထားလဲ ကြည့်ချေ..."

အဲတော့မှ နှင်းနဲ့ ထည်ဝါလဲ သက်ပြင်းချနိုင်တော့သည်... ထမင်းစားပြီးတော့ ထည်ဝါတို့ခြံထဲရှိ သစ်ပင်အောက်တွင် ရိုက်ထားသော ခုံတန်းလေးဆီ ထွက်လာခဲ့ကြသည်...ဒါ ငယ်ငယ်တည်းက နှင်းတို့ ဆော့နေကြနေရာလေ...

ရွှေရုပ်Hikayelerin yaşadığı yer. Şimdi keşfedin