" ဟင် , ဘာကြီးလဲ "

လေးဒေါင့်စက္ကူကူဖာနဲ့ထုပ်ထားတဲ့ပါဆယ်ဘူးကိုဖောက်လိုက်တော့ အထဲမှာကြက်ဥတွေကိုမကွဲအောင်စပါးခွံတွေနဲ့အသေချာစီ၍ထည့်ထားတာကဆယ်နှစ်လုံးတိတိ ဘေးမှာကအကန့်လေးဒေါင့်လေးပြန်ခွဲထား၍ ငှက်ပျောသီးဆယ်လုံးကိုလဲအသေချာစီထည့်ထားပြီးအပေါ်ကနေရာမှကြတော့ နွားနို့နဲ့ပျားရည်ကိုအသေချာလုံအောင်ရေသန့်ဘူးနဲ့ပိတ်ကာထည့်ထားပြန်၏ ပြီးတော့စာရွက်လေးတစ်ခုကပါသေးသည်။

" ဟက်  "

ရိုးက အရိပ်ကိုဖက်ထားရင်က ထိုပစ္စည်းတွေကိုတွေ့တော့ထရယ်လာ၏ အရိပ်လည်းထိုပစ္စည်းတွေကတစ်ယောက်ယောက်သူတို့နှစ်ယောက်ကိုစနောက်ထားမှန်းသိတာကြောင့် အထဲကခေါက်ထားတဲ့စာရွက်ဖြူလေးကိုဖွင့်ဖတ်ကြည့်လိုက်သည်။

💌 ဟေ့ကောင်တွေ အခုဒီစာကိုငရိုးဖတ်နေတာလား အရိပ်ဖတ်နေတာလား ဒါမှမဟုတ်နှစ်ယောက်လုံးအတူတူဖတ်နေတာလား မင်းတို့ကအပျိုလူပျိုအဖွဲ့မျှယူတာမဟုတ်ပဲ လူပျိုအဖွဲ့ထဲကပဲနှစ်ယောက်လုံးကယူသွားတော့ ငါ့တို့ကျန်ရှိနေခဲ့ကြတဲ့လူပျိုအဖွဲ့က သက်သက်လက်ဖွဲ့လိုက်တာ ဘယ်သူအောက် ဘယ်သူအပေါ်လဲငါ့တို့သေချာမသိပေမဲ့ သေချာတာကတော့ ငါ့တို့ရဲ့လက်ဖွဲ့တွေက ငရိုးစားဖို့အတွက်ပဲထင်တယ် ဟေ့ / လူပျိုအဖွဲ့ / 💌

" ဟွန်း "

အရိပ်ဆီကဟွန်းဆိုတဲ့မကျေနပ်ချက်လေးကြောင့် ရိုးအရိပ်ခါးလေးကိုအနောက်ကနေသိုင်းဖက်ထားတာကိုပိုတင်းကျပ်လိုက်ပြီး အရိပ်ပခုံးပေါ်မေးတင်၍ အရိပ်ကိုင်ထားတဲ့စာကိုပြန်ကြည့်လိုက်ပြီး နောက်တစ်ခါက်ပြန်ဖတ်ကာရယ်ရင်းနဲ့မေးလိုက်သည်။

" ဘာလို့လဲ အရိပ်ရဲ့သူ့တို့ကစတာကိုစိတ်ဆိုးသွားတာလား "

" စိတ်မဆိုးပါဘူး အဲကောင်တွေကအမြဲတမ်းအဲလိုနှောက်ယှက်တတ်တဲ့ကောင်တွေလေ သူ့တို့ကိုစိတ်ဆိုးလဲဘာထူးမှာလဲ ဟွန်း "

" ဒါဆိုအရိပ်မျက်နှာကြီးကဘာလို့ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကြီးစူနေတာလဲလို့ ကိုယ့်ရဲ့ဘဲပေါက်ကလေးလေးရဲ့ "

( သူကြီးသမက် )  CompletedWhere stories live. Discover now