" ဒါဆို အရိပ်ပါလိုက်မယ် "

" မရပါဘူး "

" ဘာကိုမရတာလဲ ဒါဆိုရိုးလည်းမသွားရဘူး "

အရိပ်အပြောကြောင့် ရိုးအရိပ်မျက်နှာကိုကြည့်လိုက်တော့လုံးဝသူတစ်ယောက်တည်းသွားခွင့်ပြုပေးမယ်အခြေနေမရှိတာကြောင့် ရိုးသက်ပြင်းတိုလေးတစ်ချက်ချလိုက်မိ၏ အရိပ်လည်းယောကျ်ားလေးတစ်ယောက်မို့ လိုက်လာလဲဘာမှမသင့်တော်စရာအကြောင်းမရှိဟူ၍တွေးလိုက်ပြီးနောက်။

" ပြီးရောဗျာ ,လိုက်ခဲ့ ဒါပေမဲ့ ကိုယ့်ကိုကတိတစ်ခုပေးအဲကောင်တွေအရိပ်ကို အရက်အတင်းတိုက်ရင်းလုံးဝမသောက်ရဘူးနော် "

" အင်း , ရိုးလည်းအများကြီးမသောက်ရဘူးနော် "

" သေချာတာပေါ့ ကိုယ့်အများကြီးမသောက်ပါဘူး ဒီလိုညလေးမှာမူးအောင်သောက်ပြီးအိပ်ပစ်ဖို့ ကိုယ်မှာလုံးဝဆန္ဒမရှိဘူး "

ရိုးကဘေးမှာထိုင်နေရင်းအရိပ်ကိုရင်ခွင်ထဲဆွဲဖက်၍ပြောလာတော့ အရိပ်ရိုးရင်ဘက်ကိုလက်ညိုးနဲ့အသာထောက်ကာတွန်းလိုက်၍။

" ဒါဆိုနောက်နေ့တွေကြရင်တော့ မူးအောင်သောက်အိပ်မယ်ပေါ့ "

အရိပ်စကားကြောင့် ရိုးမျက်နှာလေးရှုံ့လိုက်၍။

" ဒါကသက်သက်မဲ့အရိပ်ကိုယ့်ကိုစွပ်စွဲတာပါနော် ကိုယ်ကအရက်မူးအောင်သောက်မအိပ်ပါဘူး  ညတိုင်းညတိုင်းဟော့ဒီကအချစ်ကလေးရဲ့အချစ်တွေကိုပဲမူးအောင်သောက်ပြီးပဲအိပ်မှာ "

ရိုးအပြောကြောင့် အရိပ်မျက်နှာမှာခုနကလိုစူပုပ်မနေတော့ပဲပြုံးရွှင်လာသည်။

" အခုအပြောလျှော့ အရိပ်ကိုဒါတွေကူဖောက်ပြီး ဗီရိုထဲထည့်ပေးဦး "

" အင်း "

ရိုးရဲ့"အင်း"ဆိုတဲ့စကားနောက်မှ အရိပ်ဘာသာပဲလုပ်လိုက်ရ၏ ရိုးကဘာတစ်ခုမှကိုလက်နဲ့ထိတောင်မကြည့်ကူဖောက်ဖို့ဆိုဝေးလေစွ အရိပ်ခါးကိုအနောက်ကနေရင်ခွင်ထဲသိုင်းဖက်၍ စကားတွေသာဘေးကနေပြောနေ၏ အရိပ်လည်းမရုန်းပဲ ရိုးရင်ခွင်ထဲမှာထိုင်နေရင်းနဲ့ပဲလက်ဖွဲဘူးတွေတစ်ခုပြီးတစ်ခုအမြန်ဖောက်နေလိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now