" ဟိုမှာ အစ်မသန်းဌေးတို့ကဓာတ်ပုံတွဲရိုက်ချင်လို့တဲ့ "

" ဟုတ်ပါပြီဗျာ ကိုယ့်တို့အတူသွားရအောင် "

ရိုး အရိပ်လက်ကိုဆွဲခေါ်ကာ အစ်မသန်းဌေးတို့ဝိုင်းအနားလျှောက်လာခဲ့လိုက်သည်။

ထို့နောက်အမသန်းဌေးတို့နဲ့အတူဓာတ်ပုံရိုက်ပြီး ဟိုနားလျှောက်ဒီနားလျှောက်လာတဲ့ဧည့်သည်တွေဧည့်ခံရင်းနဲ့မင်္ဂလာပွဲလေးကနေ့လယ်တစ်နာရီထိုးချိန်မှာတော့ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

" အရိပ်ညကြရင် ကိုယ့်အောင်သက်တို့နဲ့ခဏဝိုင်းပေးလိုက်ဦးမယ်နော် "

ရိုးအပြောကြောင့် လက်ဖွဲ့တိုက်တွေဖောက်စီနေတဲ့အရိပ်ကရိုးကိုစူပုပ်ပုပ်မျက်နှာထားနဲ့ကြည့်လာသည်။

" အဲလိုအကြည့်ကြီးနဲ့ကိုယ့်ကိုမကြည့်နဲလေ အရိပ်လေး လူပျိုအဖွဲ့ကိုဝိုင်းထောင်ပေးရမှာကရွာရဲ့ဓလေ့ထုံးစံပဲကို "

" သိတယ်လေ ကိုယ်တိုင်လိုလို့လား သူတို့အတွက် ခဲဖိုးပေးလိုက်ရင်ရပြီလေ "

ရွာရဲ့ဓလေ့ထုံးစံကမင်္ဂလာတစ်ခုဆောင်ရင် ညဘက်လူပျိုအဖွဲ့ပျော်ပါးဖို့ခဲဖိုးဆိုတာပေးရ၏ မပေးပါကတစ်ညလုံးအိမ်မရအောင်အိမ်ခေါင်မိုးပေါ်ခဲမိုးတဖွဲဖွဲမစဲရွာချနိုင်၏ ထိုခဲမိုးကသကြားမင်းရွာသွန်းတာတော့မဟုတ်ရွာထဲကလူပျိုအဖွဲ့အကျင့်ယုတ်တာပဲဖြစ်သည်။

အရိပ်ကရိုးကိုစူပုပ်ပုပ်နဲ့ပြောရင်းလက်ဖွဲ့ထဲက အချိုပန်းကန်လုံးပန်းကန်ပြားတိုက်တွေကိုအိမ်အတွက်မလိုအပ်သေးတာကြောင့် ဗီရိုထဲစီထည့်နေသည်။

လက်ဖွဲ့ပစ္စည်းကသိပ်တော့မများပါရွာမှာကလက်ဖွဲ့ပစ္စည်းထက်ပိုက်ဆံကိုသာဦးစားပေးလက်ဖွဲ့တတ်ကြ၏ ဒါကြောင့်လဲရွာမှာမင်္ဂလာတစ်ခုဆောင်ရင်အမြတ်မရရင်တောင် မင်္ဂလာဆောင်စရိတ်အရင်းတော့ပြန်ရတတ်ကြသည်။

" အရိပ်လို့ ကိုယ့်ကိုသွားခွင့်ပြုပေးလို့နော် ကိုယ့်မသွားရင်အဲကောင်တွေကခဲဖိုးပေးလဲကျေနပ်မှာမဟုတ်ဘူး "

ရိုး အရိပ်နံဘေးကနေအရိပ်ပခုံးလေးပေါ်ခေါင်းမှီလိုက်ပြီးခပ်ချွဲချွဲပြောလိုက်တော့ အရိပ်ကရိုးကိုခေါင်းစောင်းကြည့်လာသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now