ခပ်ကြာကြာဖြင့် ဖိကပ်နမ်းလိုက်လေသည်။
ထိုတော့ကာ သူ၏အောက်မှ ဘတ်ဟျွန်းလေးအား အွန်းအဲဖြင့် ညီးညူရင်း လွန့်လူးလာလေခဲ့သည်။

"ကိုယ့်အသည်း သတိရလာပြီလား"

"ဟွန့်"

သူ့ကိုတွေ့သည်နှင့် မျက်နှာလေးဆူပုတ်ကာ နှုတ်ခမ်းလေးအား ခပ်သေးသေးထော်လျက် ဟွန့်ကနဲ နှာမှုတ်ထုတ်ကာ
အခြားဘက်သို့ မျက်နှာလွှဲသွားသော သူ၏ယောကျာ်းလေး

"နာနေသေးလို့လား အသည်း"

"မင်းခံကြည့်လေ"

ခပ်စွာစွာအသံလေးကြောင့် သူသဘောတကျ ရယ်မိလိုက်တယ်။ဘတ်ဟျွန်းက ပါးချိုင့်ကြီးပေါ်အောင် ချောမောစွာရယ်နေသော ချန်းယောလ်ကို မျက်စောင်းနာနာထိုးတယ်။

"ကိုယ်နောက်တစ်ခါ မနာစေအောင် လုပ်ပေးမယ်"

"မင်...!မင်းနော်"

"ဟားဟား!"

"သွားမင်းကို မခေါ်တော့ဘူး"

ဘတ်ဟျွန်းက ချန်းယောလ်က ရင်ဘက်ကို လက်သီးဆုတ်ကလေးနှင့်ထုကာ ခြံထားသော စောင်ကို ခေါင်းထိဆွဲခြုံလိုက်သည်။ဘတ်ဟျွန်း၏ထိုသို့ချစ်စရာအမူအယာလေးအား သဘောတကျနှင့် ချန်းယောလ်က အသည်းယားလျက် တစ်ဟားဟားအော်ရယ်တော့သည်။

ဘတ်ဟျွန်းစောင်ထဲကနေတောင် ချန်းယောလ်ကို မျက်စောင်းထိုးမိပါသည်။ရယ်နေတာကို မရပ်တော့ဘူး။ဟွန်း!








"ယောကျာ်းနဲ့တစ်တီတူးနေတဲ့ ပတ်ဘတ်ဟျွန်းရေ့!!"

အိမ်ရှေ့တွင် အသံစုံဖြင့်အော်ခေါ်နေသော ကင်ဂျုံအင်!
ဘတ်ဟျွန်း အခန်းထဲကနေ ထွက်လာတော့ ဂျုံအင်က အိမ်ရှေ့ပေါက်ဝတွင် အထုတ်ကြီးအထုတ်ငယ်ဖြင့် သူ့နာမည်ကို မျိုးစုံအော်ခေါ်နေတာတွေ့ရသည်။

"ကင်ဂျုံအင်!"

"ဟေး"

ဂျုံအင်က ဘတ်ဟျွန်းထွက်လာတာတွေ့တော့ လက်ကိုလေပေါ်မှာ ဝေ့ယမ်းကာ ပြလာသည်။ဘတ်ဟျွန်းနားမလည်သလိုလေး ဂျုံအင့်အနားသွားလိုက်သည်။

"မင်းအထုတ်တွေက?"

"ငါ ကလေးအဖေရဲ့အထိန်းတော်အလုပ်လာလုပ်တာလေ"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ