"မင်းရဲ့အတိတ်ကို ပြန်လည်ပြင်ဆင်နိုင်တယ်။ဒါပေမယ့် မင်းချစ်ရသူကိုတော့ မင်းကာကွယ်ရမယ်။မင်းရဲ့ ကောင်လေးကို ဘုရားသခင်က ပြန်လည်မွေးဖွားစေလိုက်တယ်။မင်းကတော့
အတိတ်ကိုပြန်သွားရုံပဲ။နောက်အမှားမျိုးမဖြစ်အောင်တော့ မင်းရှောင်ကျဉ်ရမယ် ကောင်လေး။ ဒါဆို မင်းအဆင်ပြေလား"

ကောင်လေးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြတော့ အဘိုးအိုက ခေါင်းညိတ်ကာ ကောင်လေး၏လက်ကိုယူလိုက်တယ်။
အဘိုးအိုသည် မည်သူကိုလုပ်လိုက်သည်နည်းမသိပေမယ့် ခုနက ကောင်လေးအား သူ၏ရင်ခွင်ထဲက ကောင်လေးအပေါ်ကို ပြိုလဲကျသွားတယ်။

ထို့နောက် ထပ်လျက်ဖြစ်နေသော ခန္ဓာကိုယ်နှစ်ခုအား အဘိုးအိုက ကြည့်လျက် ခေါင်းတစ်ညိတ်ညိတ်လုပ်ရင်း ပျောက်သွားလေသည်။

သူအဖြူရောင် လေဟာပြင်ထဲတွင် လိုက်ရှာနေမိသည်။
သူ့ရှေ့က ပုံရိပ်ရောင်တွေဟာ ပျောက်သွားခဲ့လေတော့သည်။

ထို့နောက် ထပ်မံပေါ်လာသော ပုံရိပ်တွေ။
ယောကျာ်းလေးနှစ်ယောက်။ခုနက် လူ၂ယောက်ပင်ဖြစ်သည်။
သူစိတ်ထဲတွင် ဘာကြောင့် အမျိုးအမည်မသိတဲ့ခံစားချက်တွေ ခံစားနေရပါသနည်း။

"ကိုယ်ပြန်လာပြီ ဗြောင်ငယ်"

ထိုအသံ။သူရင်းရင်းနှီးနှီးကြားဖူးနေသကဲ့ပင်။
သူသည် သူ့ရှေ့က ပုံရိပ်ရောင်တွေအား မလွတ်တမ်း လိုက်ကြည့်မိသည်။

အဆင့်ဆင့်သော ပြောင်းလဲနေသော ပုံရိပ်တွေ။
သူ၏ ခေါင်းတွေမှာ ချက်ချင်းကို ကိုက်ခဲလာလေသည်။
ရုတ်တရပ်သူ့ရှေ့က ပုံရိပ်တွေပါ ပျောက်ကွယ်သွားတော့သည်။

"ကောင်လေး~"

သူ့ကိုခေါ်သည်ဟု သူခံစားနေရသည်။သူလှည့်ကြည့်မိတော့
ခုနက အဘိုးအို။သူနောက်ကို ခြေနှစ်လှမ်းဆုတ်မိသွားသည်။

"မကြောက်ပါနဲ့။ မင်းအခုမြင်ခဲ့တာတွေက အဖြေပဲ"

"ဘယ် သူလဲ?"

အဘိုးအိုက မဖြေ။

"မင်းအတွက် အဖြေရပြီဆို အဘိုးသွားတော့မယ်။မင်းအချိန်ဆွဲမနေနဲ့တော့ "

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now