ချန်းယောလ်က ခေါင်းညိတ်လက်ခံရင်း ထိုင်နေရာမှ ထလေသည်။မိုရာက ပျော်သွားတယ်။သူမ ခေါ်တိုင်း အချိန်တိုင်းငြင်းပယ်နေတဲ့ ချန်း ကို ဒီတစ်ခါပထမဆုံးအကြိမ်ခေါ်ယူ၍ ရခြင်းပဲ။

"မင်းကားနဲ့ပဲ သပ်သပ်လိုက်ခဲ့လေ ငါကအပြန်ကျ ၀င်စရာရှိသေးတယ်"

မိုရာကခဏတာတော့ ဆူပုတ်သွားပေမယ့် နောက်ဆုံးတော့လည်း သူမဆက်ငြင်းနေရင် ထသတ်တော့မည့်ပုံပေါက်နေသော ချန်းယောလ်ကြောင့် အသာတကြည်သာ လက်ခံရင်းသူမကားပေါ်တက်လိုက်လေသည်။

ချန်းယောလ်ကားက အရှေ့ကအရင်သွားရင်း မိုရာက မောင်းတာမြန်လွန်းလှတဲ့ ချန်းယောလ်ကားကို မျက်ခြေမပျက်အောင် လိုက်မြန်အောင်မောင်းနေရသည်။

ချန်းယောလ်ကားက နာမည်ကြီး စားသောက်ဆိုင်တစ်ခုရှေ့ ရပ်သွားလေသည်။မိုရာက ကားပေါ်ကမဆင်းခင် နှုတ်ခမ်းနီအနည်းငယ်နဲ့ မိတ်ကပ်အချို့ကို နည်းနည်းပါးပါးပြင်ပြီးနောက် ကားပေါ်ကနေ ကျော့ကျော့လေးဆင်းလာလေသည်။

"အထဲဝင်ရအောင်"

ချန်းယောလ်ကဆိုတော့ မိုရာကရှက်ပြုံးလေးနဲ့ပင်။
မိုရာက လက်ကိုင်အိတ်အနီကို လက်မှာချိတ်ရင်း ကိုယ်ကျပ်
အကျီလေးကို အချို့ကျအောင် ပြင်ရင်း သူမနှင့် ချန်းယောလ် ဆိုင်အတွင်းသို့ ၀င်လာခဲ့လေသည်။

ဝင်လာကတည်းက အထဲကလူအများ၏ ချန်းယောလ်နှင့် သူမအပေါ် အာရုံစိုက်မှုတွေကို ရနေသောကြောင့် သူမအနည်းငယ်ပီတိဖြစ်ရလေသည်။

ချန်းယောလ်က နီးရာခုံတစ်ခုံမှာဝင်ထိုင်ရင်း သူမကို အပြုံးလေးပြုံးပြနေလေသည်။နှစ်ချို့ဝိုင်တစ်ပုလင်းနှင့် အမဲသား steak နှစ်ပွဲကို မှာယူလိုက်သည်။
အစားအစာများကို ထိုင်စောင့် ချိန်အတွင်းမှာလည်း သူမရင်တွေခုန်နေရပြန်သည်။

လာချလာသော စားစရာတွေကို သူမယူကာ စားသောက်မည်လုပ်တော့ ချန်းယောလ်က အရင်ဦးအောင် ယူသွားလေပြီ။
အမဲသားကို လှီးဖြတ်နေသော ချန်းယောလ်၏ လက်တွင် သေကြောထင်းထင်းတို့က ယောကျာ်းဆန်ဆန် ရှိနေလေသည်။

လှီးဖြတ်ထားသော အမဲသားပန်းကန်ကို သူမရှေ့သို့ တွန်းပို့ပေးပြီး စားဖို့ မေးဆတ်ပြလေသည်။
ဘုရားရေ!! အခု ချန်းက သူမစားဖို့ အမဲသားကို ကိုယ်တိုင်လှီးပေးလိုက်တာလား။
သူမမျက်နှာတွင် သူမရင်ထဲကပျာ်ရွှင်မှုကို မထိန်းနိုင်ပေ။
အပြုံးကြီးကြီးပြုံးလျက် အမဲသားကို စတင်စားလိုက်လေသည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now