မင်းမုန်းနေတယ်မလား မောင်..။

ဟက်!မောင်တဲ့။ငါခေါ်လိုက်တဲ့နာမည်က မောင်တဲ့။

မင်းသိလား ချန်းယောလ် ငါအရင်ဘ၀ မင်းရဲ့ အသုံးချခံ အစ်ြနဲ့ ရှိနေခဲ့ကတည်းက မင်းကို မောင်လို့ စိတ်ကူးအတွေးထဲ
ခဏခဏခေါ်ခဲ့တယ်။

ငါထက် ၆လငယ်တဲ့ ကောင်လေး။
ငါ့ကိုမုန်းတဲ့ကောင်လေး။
ငါ့ကလေးလေးအဖေ ကောင်လေး။
ငါချစ်ရတဲ့ ကောင်လေး။

ပျော်ပါစေ။မာနတွေ သိက္ခာတွေ ကိုငါကိုးကွယ်ခဲ့ဖူးပြီ။

မင်းဆီမှာ မကျရှုံးတော့ပါဘူးလို့ ငါခဏခဏ ပြောခဲ့ဖူးတယ်။
ဝဋ်ကြွေးလေးပေါ့ မောင်ရယ်။
မင်းဟာ ငါမချစ်ပဲ မနေနိုင်တဲ့...၀ဋ်ကြွေးလေးပေါ့။

မုန်းစမ်းပါ။မင်းကိုလည်း ငါမုန်းပါတယ်။
ခက်တာက အမုန်းတွေကို အချစ်တွေက အနိုင်ယူစမြဲမို့ ငါဟာ အထူးတလည် အရေးမယူတော့ပါဘူး။

မင်းကိုညက ပြောခဲ့တဲ့ အမုန်းစကားတွေဟာ နောက်ဆုံးပါ။
မင်းကို လွမ်းလို့ နာကျင်ခြင်းတွေနဲ့ပဲ ချစ်ပါတော့မယ်။

ချစ်နေတာကို အမုန်းတွေနဲ့ မာနထားရင်း နေရတာ သိပ်နာကျင်ပြီး ပင်ပန်းရတယ်။

ငါ့ဖို့မဟုတ်တဲ့ ငါသိပ်ကြိုက်တဲ့ ပန်းအနီတွေကို နှုတ်ဆက်ရင်း မင်းမကြည်ဖြူစွာ စွပ်ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ငါထားခဲ့တယ်။

မင်းငါ့ကို မေ့လိုက်ပါ...။

ကိုယ့်အတွက် မဟုတ်တဲ့အရာကို တွယ်ကပ်ရင်းနေရတဲ့အခါ တစ်ဖက်သက်သောငါက နာကျင်ခြင်းတွေသာ ပြန်ရခဲ့ပါတယ်။

ကစားပွဲမှာ မင်းနိုင်ပါတယ်။
လက်စားချေရမယ့်လူ ၁၀ ယောက်ထဲမှာ ပါဝင်တဲ့ မင်းကို
သတ်ဖို့အထက် ငါ့ကိုယ်ငါ သက်သေခြင်းကိုသာ ရွေးခွင့်ရှိမလား။

မင်းကိုချစ်မိလို့ ကစားပွဲလေးရှုံးသွားပြီ။
ဟင့်အင်း ။မရှုံးခဲ့ပါဘူး။ငါကိုယ်တိုင်က အရှုံးပေးခဲ့တာပါ။

မင်းဟာဘယ်တော့မှ ငါနာကျင်အောင် မလုပ်ချင်ဆုံးသူပါ။

မွေးဖွားလာကတည်းက ဆိုးရွားလွန်းခဲ့တဲ့ ငါ့ဘ၀အချို့အကွေ့လေးမှာ မင်းကိုချစ်ခွင့်ရခဲ့ပြီး မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တာလေးကို ငါသဘောကျပါတယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now