"ချန်း ချန်းယောလ်~"

ခပ်တိုးတိုးခေါ်သံအဆုံး အကြည့်တွေက ဘတ်ဟျွန်းမျက်လုံးတွေဆီ တည့်တည့်မတ်မတ်ရောက်လာသည်။မှောင်ရီဝေလေထဲမှာ လေပြေတွေက ချိုအီနေသဏ္ဍာန်။

"ဟို~"

"မင်းပိတ်လိုက်တော့ မင်းအရင်လာစတာနော် ငါ့ကို တစ်ခုမှပြောဖို့ မကြိုးစားနဲ့"

ငိုမဲ့မဲ့လေးနဲ့ ဘတ်ဟျွန်းလေးက ငြိမ်ကုတ်သွားတယ်။သူစိတ်ထဲမှာ ချန်းယောလ်ကိုကြောက်ပါပြီကြောက်ပါပြီဟု အဆက်မပြတ်အော်နေလေသည်။

လျှာရည်မိတဲ့ ကိုယ့်ကိုကိုယ်သာ ခေါင်းကိုထုရိုက်ပစ်ချင်စမ်းပါဘိ။ခက်တာက ထုရိုက်လို့မရနိုင်အောင် သူ၏လက်နှစ်ဖက်က ချုပ်တည်းခြင်းခံထားရတယ်။

တန်ပြန် ပြန်စလာသော အနမ်း။ဤ တစ်ခေါက်တွင် နည်းနည်းတော့ မွတ်သိပ်နေသည်။ချန်းယောလ်၏ လက်တွေဟာ သူ့ခေါင်းနှင့် လက်တွေဆီမှ ဖယ်ခွာသွားသည်။ချန်းယောလ်ကလည်း ဘတ်ဟျွန်းအပေါ်တွင် အုပ်မိုးလျက်အနေအထား ဖြစ်သွားခဲ့သည်။

ချွေးစအနည်းငယ်နှင့် ချန်းယောလ်က ရီဝေေ၀စိုက်ကြည့်လာတယ်။ချောက်ထဲကို ပြုတ်ကျတော့မည့် လူလိုသူခံစားနေရတယ်။ရုတ်တရပ် သူ့လက်တွေဟာ ကြိုးဖြင့်ချည်ထားခံရသည်။

သူ့လက်လေးကိုကြည့်ရင်း မျက်နှာလေးအနည်းငယ်မဲ့သွား၏။ထိုအချိန် လည်တိုင်ဆီမှ ခပ်စူးစူးအထိအတွေ့ကြောင့် အနည်းငယ် ညီးမိသည်။

ချန်းယောလ်၏လက်တွေဟာ သူ၏တစ်ကိုယ်လုံးကို ပွတ်သပ်နေရင်းမှ သူ၏ခန္ဓကိုယ်တွင် အ၀တ်ဆို၍ အတွင်းခံတစ်ထည်သာကျန်ရှိနေခဲ့တော့၏။

ချန်းယောလ်၏ စူးရှနေသော အကြည့်တွေက အတွင်းခံတစ်ထည်သာ အကာအကွယ်ဖြင့် ကျန်ခဲ့သည့် သူ၏ပြောင်ရှင်းသော ခန္ဓာကိုယ်ကိုအား ၀ါးစားမတတ်ကြည့်နေတာကြောင့် ဒူးလေးနှစ်ဖက်ပူးကာ ကိုယ်ကျုံ့မိ၏။

"ဟက်!"

သူ့နည်းတူ ချန်းယောလ်၏ကိုယ်ပေါ်တွင် အ၀တ်အစားမည်သည် အတွင်းခံတစ်ထည်သာကျန်ခဲ့တော့သည်။

ကျစ်လစ်နေသော ခန္ဓာကိုယ်ဟာ အားကစားလုပ်ခြင်း၏ အကြိုးကျေးဇူးကြောင့်ပင်။ရင်အုပ်ကျယ်ကျယ်၊ကြီးမားသော လက်မောင်းသားအဖုအထစ်တွေအပြင်။ဝမ်းဗိုက်ကြွက်သား ၆ခုက ခပ်ထင်းထင်းပင်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now