ဘတ်ဟျွန်းခေါင်းပေါ်မှာ ကွက်ရှင်မက်ကလေးတွေ ဖြတ်ပြေးသွားတယ်။သူဘာမှမလုပ်ရသေးဘူးလေ။သူဒီဇိုင်းဆွဲထုတ်ခဲ့တဲ့ အိတ်ကလေးက အလားအလာကောင်းကောင်း ရနိုင်တာသိပေမယ့် ဒီလောက်ထိ မြန်မြန်ကြီး...။

ချန်းယောလ်ကအတွေးကမ္ဘာထဲ နစ်မျောနေသော သူ့ကိုတစ်ချက်ကြည့်လာတယ်။မျက်မှောင်ကျုံ့ရင်းစဉ်းစားခန်းဖွင့်နေတဲ့ ဘတ်ဟျွန်းက သူ့ရှေ့က အသားစားဖို့ချောင်းနေတဲ့ ခြင်္သေ့ကြီးကို မမြင်ပုံ။

"သွားတော့"

ထိန်းချုပ်ထားသလို ပုံစံနှင့် မြိုသိပ်ထားရသော အသံက သူ့အတွေးတွေကို ဖျက်ဆီးသွားတယ်။

"ဟမ်"

"ထွက်သွား!"

"အင်း အင်း"

ချန်းယောလ်ရဲ့ ပြောင်းလဲသွားတဲ့ ပုံကြောင့် အူကြောင်ကြောင်နဲ့ပဲ သူထွက်လာခဲ့ရတယ်။
ရုတ်တရပ်ကြီး ဘာဖြစ်ရတာပါလိမ့်...။

အခုမှသူကြည့်မိတယ်။အော်...ရေချိုးပြီးကာစဖြစ်နေတဲ့အချိန်မှာ ခေါ်ခိုင်းလိုက်တာမို့ အကျီတောင် သေချာမ၀တ်ခဲ့ရ
လည်ပင်းတွင် ဟိုက်ပတ်ကြီးဖြစ်နေသော အကျီကို ပြန်ဆွဲတင်လျက် ထိုအခန်းရှေ့က ထွက်လာခဲ့တော့သည်။

.................

*ဒေါက် ဒေါက်*

*ဒေါက် ဒေါက် ဒေါက်*

သည်းထန်စွာ ရွာသွင်းလျက်ရှိသော မိုး။
တစ်ချက်တစ်ချက် မိုးခြိမ်းသံတို့မှာ တိတ်ဆိတ်လျက်ရှိသော ညတွင် ပဲ့တင်လျက်ရှိသည်။ခရမ်းရောင် လျပ်စီးလိုင်းတွေက
မှောင်မဲနေသော မိုးကောင်းကင်ပေါ်တွင်နေရာယူလျက်။

သစ်ရွက်အချင်းချင်းပွတ်တိုက်သံတို့အပြင် ရုပ်တရပ်ပျက်သွားသော မီးကြောင့် အနည်းငယ်ခြောက်ချားဖွယ်ရာ ကောင်းနေသည်။

အခန်းတံခါးဆီမှ အဆက်မပြတ် တံခါးခေါက်သံကြောင့် အလင်းဖျဖျမီးအိမ်ဆီက အလင်းဖြင့် မြင်နေရသော တိုင်ကပ်နာရီပေါ်ကိုကြည့်မိတော့ နာရီလက်တံသည် ည၁နာရီကိုညွှန်းနေသည်။

ချန်းယောလ်က အိပ်နေရာကနေထရင်း တံခါးကိုသွားဖွင့်လိုက်သည်။မှောင်မဲနေသော အိမ်တော်အတွင်းတွင် သူ့အခန်းရှေ့၌ ရှိနေတာက စောင်ကို ခေါင်း၌ခြုံလျက် ကုတ်ချောင်းချောင်းဖြင့် ကြည့်လာသော ဘတ်ဟျွန်းပင်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Onde histórias criam vida. Descubra agora