Extra

4.5K 271 13
                                    

Happy birthday ko ko

အစက​တော့ ကိုယ့်ဘာသာပဲ ပန်း​တွေသယ်သွားပြီး စပရိုက်လုပ်မယ်စိတ်ကူး​ပေမယ့် ပန်းခင်းကြီးကိုမြင်တဲ့အခါ ကိုကို့ကိုပါ မြင်​​စေချင်တာမို့ အိမ်ကိုတစ်ခေါက်ပြန်လှည့်ကာ ကိုကို့ကို​ခေါ်ရသည်။ကိုကိုက သူသိပ်သ​​ဘောကျတဲ့ whit peony ပန်းခင်းကြီးကိုမြင်တာနဲ့ ဝါး, ဝါး နဲ့တအံ့တသြဖြစ်​နေ​လေရဲ့။​နောက်မှကိုကို့အတွက် ပန်းတခင်းပျိုး​ပေးဖို့ပါ​တေးထားလိုက်သည်။

"သခင်​လေး ဒါဘယ်သူ့ခြံလဲ?"

"စီးပွား​ရေး ပါတနာတစ်​ယောက်ရဲ့ခြံကိုကို"

"ဟုတ်လား? သူကလည်း ဒီပန်းကြိုက်တာလား?"

"ဟင့်အင်း သူ့အမျိုးသား​လေးကြိုက်တာ"

"​သြော်"

"ကိုကို ပန်းခင်းထဲလှည့်ပတ်ကြည့်​လေ"

"အွန်း"
ကိုကိုကပန်းခင်းထဲလှည့်ပတ်​ငေး​နေယုံမကပဲ ဓါတ်ပုံ​တွေပါ အဆက်မပြတ်ရိုက်​နေ​သေးသည်။မဖြစ်​တော့ဘူး အခုချက်ခြင်း ပန်းခင်းစိုက်ဖို့ပြင်မှရ​တော့မယ်။

"ခစ်, ခစ်, ခစ်"
ပန်းပွင့်​လေး​ပေါ် လိပ်ပြာ​လေးနား​နေတဲ့ပုံ​လေးရိုက်မလို့ချိန်​နေတဲ့အချိန် က​​လေးတစ်​ယောက်ရဲ့ရယ်သံ​ကြောင့် လူကလန့်ဖျက်သွားသည်။သူလှည့်ပတ်ကြည့်​တော့လည်း ဘယ်သူ့ကိုမျှမ​တွေ့​ပေ။ကြက်သီး​တွေပင်ဖြန်းကနဲထသွားသည်။

"ကိုကို ဘာဖြစ်တာလဲ?"
ဟိုကြည့်ဒီကြည့်လုပ်​နေတဲ့ကိုကို့​ကြောင့် တစ်ခုခုများ​ကျ​ပျောက်လေသလားလို့​​မေးရသည်။

"ဟင့်အင်း, ဘာမှမဖြစ်ဘူး၊ သခင်​လေးပန်း​တွေခူးပြီးပြီလား?"

"အင်း, ဒါဆိုပြန်ရ​အောင်​လေ"
​ရှောင်းကျန့်စိတ်ထဲ အနည်းငယ်လန့်လာတာ​ကြောင့် ပြန်ဖို့သာစိတ်​လော​နေ​တော့သည်။

"အင်း ပြန်ကြမယ်​​လေ ကိုကို"
ရိ​ပေါ်က ခူးထားတဲ့ပန်း​တွေကို ​သေချာသယ်ကာကားထဲထည့်လိုက်သည်။ခြံ​စောင့်ဦး​လေးကြီးကိုနှုတ်ဆက်ကပြန်လာခဲ့ကြသည်။
.........................................

မနက်ဖြန်ကိုကို့​မွေး​နေ့မို့ တအိမ်လုံးကို ကိုကိုကြိုက်တဲ့ white peony ​ပန်း​လေး​တွေဖြင့် ရိ​ပေါ်ကိုယ်တိုင်အလှဆင်​ပေးထားသည်။ကိုကို့အတွက် ​မွေး​နေ့ကိတ်ကို ကိုယ်တိုင်ဖုတ်​ပေးဖို့ပြင်သည်။

🎉 You've finished reading ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete) 🎉
ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now