အပိုင်း ၂၆

3.6K 307 7
                                    

Unicode

ဆိုင်ကယ်လ်ဝယ်​ပေးပြီးပြီဆို​ပေမယ့် ရိ​ပေါ်မှာက လိုင်စင်မရှိ​သေးတာ​ကြောင့် ​ရထားစီးပြီး​​ပဲလျှောက်လည်ဖို့ဆုံးဖြတ်လိုက်ကြသည်။ သူတို့အိမ်ကမထွက်ခင်မှာပဲ ဝမ်အိမ်​တော်က ပို့လိုက်တဲ့ ​မွေး​နေ့လက်​ဆောက်​ရောက်သည်။ ရိ​ပေါ်ဖွင့်မကြည့်ပဲ အခန်းထဲထည့်ကာ ထွက်လာခဲ့တယ်။သူမကြည့်​ပေမယ့်လည်း ဒါဟာ ရိ​ပေါ်နံမည်ထွင်းထားတဲ့ limited edition skateboard မှန်းသိသည်။ သူ skate စီးရတာကြိုက်မှန်းသိလို့နှစ်တိုင်းပို့​ပေး​နေကြလက်​ဆောင်ပါ။ အခု ရိ​ပေါ်တို့​နေတဲ့​နေရာကဝမ်အိမ်​တော်လို ခြံကျယ်ကြီးမဟုတ်တာ​ကြောင့် ရပ်ကွက်ထဲပတ်စီးတဲ့အခါ ကိုကိုက စိတ်မချပါ, ဒါ​ကြောင့် အရင်လိုအမြဲတမ်းမစီးဖြစ်​တော့ပဲ အနီးနားက ပန်းခြံမှာသာ တခါတရံစီးဖြစ်​တော့သည်။

ရိ​ပေါ်, ကိုကို့လက်ကိုဆွဲလို့ ဘူတာရုံဆီ​လျှောက်လာကြခဲ့သည်။

"တက္ကဆီနဲ့ဖြစ်ဖြစ်သွားရ​အောင်​​လေ, သခင်​​လေး"

"ဟင့်အင်း...ရထားပဲစီးချင်တယ်"
သခင်​လေးကတစ်ခါတစ်​လေ အခုလို ​ခေါင်းမာချင်​သေးသည်။
ရထား​ပေါ်တက်ကာ ​အ​နောက်ဘက်ခပ်ကျကျခုံ​လေးမှာဝင်ထိုင်လိုက်သည်။

"ဘယ်သွားမှာမို့ ရထားစီးချင်တာလဲ"

"ကိုကို ရထားစီးဖူးလား"

"ဟင့်အင်း.."

"ကျ​တော်လည်း ဒါပထမဆုံးပဲ, အသက်၁၈နှစ်ပြည့်တဲ့​နေမှာ မလုပ်ဖူးတာ​တွေလုပ်ကြည့်ချင်လို့.... ကိုကိုနဲ့တူတူ​လေ"

ရိ​ပေါ်က ​ရှောင်းကျန့်ကိုပြန်​ဖြေရင်း ဖုန်းထုတ်ကာ သီးချင်းဖွင့်ပြီး နားကျပ်​တစ်ဖက်ကိုတပ်လိုက်ပြီး ကျန်တစ်ဖက်ကို ​ရှောင်းကျန့်နား​မှာတပ်​ပေးလိုက်တယ်။အဲ့​နောက်​တောင့် ​ရှောင်ကျန့်ရဲ့​ခေါင်း ကို သူ့ ပခုံး​ပေါ်ဆွဲတင်လိုက်တယ်။ ​ရှောင်းကျန့် ကလည်း ဘာမှ ပြန်မ​ပြောပဲ အလိုက်သင့်​လေး မှီထားလိုက်တယ်.....

🎶Open eyes, open ears🎶i am ready, we are here🎶

🎶 Take your time ,i will wait 🎶no regrets🎶so speak your mine, all you like🎶we can stay up through the night🎶

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now