အပိုင်း ၂၃

3.7K 322 3
                                    

Unicode

လီရှင်းရှင်း- သူမအခန်းထဲပြန်​ရောက်​တော့ ​ခေါင်းအုံးအောက်က ဓါတ်ပုံ​​လေးကို ထုတ်ကြည့်လိုက်သည်။ ပုံထဲက ၁၈နှစ်အရွယ် သခင်မကြီးက သူမကိုပြုံးပြ​နေ​လေရဲ့။ ပါး​​ပေါ်ကျလာတဲ့မျက်ရည်ကို ဖယ်ရှားပစ်ဖို့​တောင်သတိမရနိုင်။ ဓါတ်ပုံ​လေးကိုသာ လက်​ချောင်းများဖြင့် အသာယာတို့ထိ​နေမိတယ်။

သခင်မကြီးနဲ့ သူမက အသက်၁၂အရွယ်မှာ စ​တွေခဲ့တာ။ သခင်မတို့မိသားစုက ရှင်းရှင်းတို့ရွာကို အလှူလာလုပ်တဲ့အချိန်မှာပထမဆုံးစ​တွေ့ဖူးခဲ့တာ။ အဲ့​နေ့က ၁၂အရွယ် သခင်မ​လေးက အဝါ​ရောင်ဂါဝန်​လေးနဲ့ ဆံပင်ကဂုတ်ဝဲ​လေး၊ အို...အသား​လေးများဆို ဖြူဥလို့။ အရုပ်မက​လေးအတိုင်းပဲ။ ကား​ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်​နေတဲ့သခင်မ​လေးကို ရှင်းရှင်းတို့က​လေးတစ်စုက အထူးအဆန်းလိုပဲ အုံတိုးကြည့်ကြတာ​ပေါ့။

သခင်မ​​လေးကလည်း ကား​ပေါ်က​နေ ရှင်းရှင်းတို့က​လေးတသိုက်ကို အထူးအဆန်းသဖွယ် မျက်လုံး​လေးပြူးပြီးကြည့်​နေရှာတယ်။ ခဏ​နေ​တော့ သူ့အ​ဖေကိုစကားလှမ်း​ပြောလိုက်တယ်။

"သူ့ကိုလိုချင်တယ်.."

သခင်မ​လေးက ရှင်းရှင်းဆီကို လက်ညှိုးထိုးပြရင်းဆိုလိုက်တယ်။ အဲ့အချိန်အ​ပျော်ဆုံးလူသားဟာ လီရှင်းရှင်းဆိုတဲ့ ကျွန်မ​ပေါ့။တိုတို​ပြောရရင် အဲ့လိုနဲ့ကျွန်မက သခင်မ​လေးရဲ့ အနားမှာအမြဲ​နေခွင့်ရတဲ့ အထိန်း​တော် လူယုံ​ဖြစ်လာခဲ့တယ်။ သက်တူရွယ်တူမို့ သခင်မက ရှင်းရှင်းကို သူငယ်ချင်းလိုသ​ဘောထားကာ ​ကောင်း​ကောင်းမွန်မွန်ဆက်ဆံ​ပေးတယ်။ အိမ်​တော်ရဲ့ စည်းမျဥ်း​တွေက​တော့ သခင်မလည်း မလွန်ဆန်နိုင်တာမို့ ချွင်းချက်​ပေါ့​လေ။ပြသနာက ကျွန်မတို့အသက် ၁၆/၁၇ အရွယ်​ရောက်လာတဲ့ အချိန်မှာစတယ်။ ကျွန်မရဲ့ သခင်မ​လေးအ​ပေါ်ထားတဲ့စိတ်​တွေမူမမှန်​တော့တာ​ပေါ့။ သိပ်ကိုပါးနပ်လွန်းတဲ့ သခင်မ​လေးမသိ​အောင် နှစ်​တွေအကြာကြီးဖုံးဖိထားခဲ့ရတာ လွယ်တယ်လို့များထင်​နေလား? ​လူမသိ သူမသိကျခဲ့ရတဲ့မျက်ရည်​တွေ ဘယ်​လောက်​တောင်များခဲ့တယ်ထင်လဲ?အဲ့လို ခံစားချက်​တွေကို ဖုံးဖိထားခဲ့တာဟာ အမှန်ကန်ဆုံးလုပ်ရက်လို့ကျွန်မအမြဲတမ်းထင်​နေခဲ့တာ။ဟင့်အင်း..အဲ့ဒါ ကျွန်မဘဝရဲ့ အမှားဆုံး လုပ်ရက်ဆိုတာကို ​နောက်ဆုံးအချိန်မှသိခဲ့ရတာ။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now