အခန်းအတွင်းဝယ် သတိမရသေးသည့် ဘတ်ဟျွန်းနှင့် ထိုင်နေသော ချန်းယောလ်သာ ကျန်ခဲ့တော့သည်။လေထုကထူးဆန်းသည်။အေးစက်မလိုလိုနှင့် နွေးထွေးနေသယောင်ရှိသည်။

ဘတ်ဟျွန်းက အနည်းငယ်လှုပ်ရင်း သတိပြန်ရလာသည်။
ဗိုက်ကနာကျင်နေပြီး ခေါင်းကအရမ်းကိုက်နေသည်။နုံးနေသလို ခံစားရပြီး တစ်ယောက်ယောက်ကစူးစူးဝါးဝါးစိုက်ကြည့်နေတာကို ခံစားမိတော့ ကြက်သီးတောင်ထနေသည်။

ချန်းယောလ်ကိုသူတွေ့တော့ လန့်သွားတာကြောင့် ချန်းယောလ်ရဲ့ နားမလည်သလို မျက်မှောင်ကုတ်ကြည့်တာကိုပါ သူရလိုက်သည်။

"ထဆေးသောက်မယ်"

လေသံကဟိုတစ်နေ့ကလောက်တော့ သိပ်မမာထန်တော့။
ဘတ်ဟျွန်း ဗိုက်ကစူးစူးကြီးဖြစ်နေတာ ခံစားမိတယ်။ချန်းယောလ်ကပြောတော့ သူအနည်းငယ်ရုန်းဖယ်လိုက်သည်။

သူထပ်နာကျင်နေရတုန်းပဲ။
သူထပ်ပြီး ရူးနေတုန်းပဲ။နားမလည်နိုင်သေးဘူး။
မချစ်တော့ဘူးလို့ တွေးတဲ့အခါ ဂရုစိုက်မှုတွေရတယ်။
ပြန်ချစ်ကြည့်မလားတွေးတဲ့အခါ နာကျင်နေရပြန်တုန်းပဲ။

ပတ်ချန်းယောလ်ဟာ မပြောင်းလဲသောသူ့ကို
နာကျင်မှုတွေပေးစွမ်းတယ်။

"ထ!"

ဘတ်ဟျွန်းကခေါင်းမာရင်း လက်ကိုအားပြုရင်း ထနိုင်အောင်ကြိုးစားတယ်။သူကူတွဲထထိုင်ပေးဖို့ကြိုးစားရာ ရုန်းထွက်သွားတဲ့ ဘတ်ဟျွန်းကြောင့်မျက်မှောင်ကျုံ့ကြည့်တယ်။

အ!

လက်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို အားပြုထပေးဖို့ မစွမ်းဆောင်နိုင်ပေ။နုံးနေသော ခန္ဓာကိုယ်အပါအ၀င်ကြောင့်ပင်ပဲလား။

ချန်းယောလ်ကျစ်စုတ်သတ်ရင်း ဘတ်ဟျွန်းကို ချိုင်းကနေမလိုက်တယ်။ရုပ်တရပ်မို့ ဘတ်ဟျွန်းက လန့်သွားပြီး ရက်ကန်ရက်ကန်လေးဖြစ်သွားတဲ့ပုံက ဟန်းစကားလေးနဲ့ပင် တူနေသေးသည်။

"ဆေးသောက်မယ်"

ဘတ်ဟျွန်းကမျက်နှာလွှဲတယ်။ချန်းယောလ်က ဆေးကိုကိုင်နေရင်းမှ မျက်နှာလွှဲသွားတဲ့ ဘတ်ဟျွန်းကိုကြည့်ရင်း ဆိုတယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now