Part (26) Uni/Zawgyi

Start from the beginning
                                    

%%%%%%%%%%%%%%%%%%%%%
"​ကိုဘစံ "
ဦးမင်းထင် ပြန်ရောက်တာ ၂ရက်နီးပါးရှိပါပြီ
သားဖြစ်တဲ့လင်းထွဋ်ကိုတော့ မနေ့ညနေကပင် တွေ့လိုက်သေးသည်။
မြေးဖြစ်သူ မတွေ့ရသေးသောကြောင့်
"လင်းယောင် ကိုခေါ်လိုက် Breakfastစားရအောင် "
ထမင်းစားခန်းထဲမှာ စတယ်ကျကျက ထိုင်စောင့်ရင်းဖြင့်
"ဟို  ဥက္ကဌကြီး  အစ်ကိုလေး မနေ့ညကပြန်မလာပါဘူးဗျ"
"ဘာ"
"ဟုတ် ဟုတ်တယ်ဗျ သူတို့သွားနေကျ barမှာ အိပ်တယ်တဲ့  ဆိုင်မန်နေဂျာက ဖုန်းဆက်တယ် အရမ်းမူးနေလို့ တဲ့"
"ဟင်း ဒီကောင် ဘာဖြစ်ပြန်တာလဲ "
"ကျွန်တော့် အထင်ပြောရရင် မမေဟန်ခေ နဲ့ အဆင်မပြေဘူးထင်တယ် "
ဦးမင်းထင် ဘာမှဆက်မပြောပဲ
ရှေ့က ပေါင်မုန့် ကိုစားနေလိုက်သည် ။
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်  လင်းယောင် လိမ္မာ လာတာက ဟန်ခေ့ကြောင့်ပဲ
ဘယ်နည်းနဲ့ဖြစ်ဖြစ် သူတို့ကို မကွဲစေချင်တာအမှန်

%%%%%%%%%%%%%%%%%%%%%
"အား  ကျွတ် ကျွတ် ကျွတ် "
လင်းယောင် ခေါင်းကိုဖိရင်း ထထိုင်လိုက်ချိန်
မျက်လုံးပွင့်ပွင့်ခြင်းမြင်လိုက်ရသည်က
ရှေ့တည့်တည့် တံခါးပေါက်မှာကပ်ထားသည့်
sexy model မိန်းကလေးတစ်ယောက်ရဲ့ပုံက ဆွဲဆောင်မှုအပြည့်
မြင်နေကျမြင်ကွင်းမဟုတ်တာကြောင့်
ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ အ၀တ်မပါတဲ့ခန္ဓာကိုယ် ရင်ထဲသို့ ဒိန်းကနဲပြေးစောင့်ပြီး
"ငါ ငါ ဘာတွေလုပ်ထားတာလဲ "
အိပ်ယာပေါ်မှာ ဆံပင်တွေကိုထိုးဖွရင်း ဘယ်လိုပင်စဉ်းစားစဉ်းစား ခေါင်းခြောက်ရုံသာ
"ကျစ်....ကွာ"
ဘယ်ရောက်လို့ရောက်နေမှန်းလည်းမသိ ဘယ်သူ့အခန်းထဲလည်းမသိ ဘာတွေဖြစ်လို့ဖြစ်ခဲ့မှန်းလည်းမသိပေ ။
တံခါးဖွင့်သံကြားလို့ မော့ကြည့်တော့
"ဟင် "
သူနဲ့တေဇ သွားနေကျ bar ကကောင်မလေး
"မင်း မင်းက ဘယ်လိုလုပ် "
"ဪ ကိုလင်းယောင် နိုးပြီလား "
သူမပုံစံကလည်း အိပ်ယာထခါစ ညဝတ်အင်္ကျီအပါးကလေးနဲ့မျက်နှာသစ်ပြီးအခန်းထဲဝင်လာတဲ့ပုံ
လင်းယောင် ဘာပဲဖြစ်ဖြစ် တာ၀န်တော့ မဲ့လို့မဖြစ်ဘူးဆိုတဲ့ အတွေး၀င်လာပြီး သက်ပြင်းချလိုက်ကာ
"အဟင်း  ဘာ   ဘာ....."
"ခဏနော် အိန်ဂျယ် ခေါ်ပေးမယ် "
ဆိုကာ ထိုကောင်မလေး ပြန်ထွက်သွားသည်။
သိပ်မကြာပါဘူး ပြန်၀င်လာတာက bar ကဆိုင်မန်နေဂျာ
"ဟာ  ကိုသီဟ "
"ငါ့ကောင် နိုးပြီလား မင်း မနေ့ညက တော်တော်ကွဲနေတာ "
"အဲ့ အဲ့တာ အရေးမကြီးဘူး "
လင်းယောင်က ကိုသီဟ ကို အိပ်ယာပေါ်သို့ ဆွဲထိုင်ခိုင်းကာ
"မနေ့ ညက ကျွန်တော် ဘယ်လိုလုပ်ဒီအခန်းထဲရောက်နေတာလဲ ပြီးတော့ ဒါက ဘယ်နေရာ ဘယ်သူ့အခန်းလဲ"
"ဒါ ငါ့အခန်းလေ မင်း မှောက်နေတာအိမ်မပြန်နိုင်ဘူးကွ ခါတိုင်းလို တေဇ မပါတော့ မင်းကိုထိန်းမဲ့သူလည်းမရှိဘူး အဲ့တာနဲ့ ဘော်ဒါ လည်းဖြစ်နေလို့ ဒီကို ငါသယ်လာတာ "
"အဲ့ အဲ့ တာဆိုလေ  ကျွန်တော်မနေ့ညက  ဟို ဟို ...."
"ဘာလဲ "
အိန်ဂျယ် ဆိုတာ ကိုသီဟရဲ့ညီမ မဟုတ်လား
တကယ်လို့ ကိုယ် ထင်နေတာ မှန်နေရင် ဒီနေရာတင် အထိုးခံရမှာ ရဲစခန်းမရောက်ရင် ကံကောင်း ဘယ်ကနေစမေးရမှန်းတောင်မသိဘူး
"ဘာလဲကွ ငါ့ကို ကြည့်ပြီး ငိုင်နေတာ"
"မသိတော့ဘူးဗျာ ခင်ဗျား ထိုးလည်းခံရမှာပဲ  မနေ့ညက ကျွန်တော် ခင်ဗျား ညီမ နဲ့ ဟို ဟို     လွန် သွားသေးလား "
"ဘာ? shit  ဟဟဟဟ မနေ့က အိန်ဂျယ် နဲ့ မင်း နဲ့ စကားတောင် မပြောဘူးကွ မင်းဘာသာ အသည်းကွဲပြီး တစ်ချိန်လုံးဖုန်းတွေလျှောက်ဆက်နေတာ "
အင်းလေ အိန်ဂျယ်က တေဇ ကိုသဘောကျတာ  ငါ့ကို မှ မဟုတ်တာ
"ဟူး တော်ပါသေးဗျာ ကျွန်တော့်မှာ ရင်ပူလိုက်ရတာ ခင်းဗျားတော့ ထိုးပြီမှတ်တာ "
"မင်းကိုက မလုံမလဲဖြစ်နေတာပါ ငါကသူ့အစ်ကိုလေကွာ အလကား မင်းနဲ့ ...."
"စဉ်းစားကြည့်ဦးလေ  ဒီမှာ ဘာအ၀တ်မှလည်းမပါဘူး ရုတ်တရက်ကြီး သူက၀င်လာတော့ ဒီကလန့်သွားတပေါ့"
"အဲ့တာ မင်းဘာသာချွတ်တနေမှာ ငါ သယ်လာတုန်းက အကုန် ပါတယ်ကွ "
"ပူတာကိုး"
"အေးကွာ  တစ်ခုခုစားသွားလေ ငါအပြင်မှာ ကိစ္စရှိသေးတယ် သွားလိုက်ဦးမယ်"
"အင်း အင်း "
လင်းယောင် ကိုသီဟ ထွက်သွားခါမှ
အောက်ကအ၀တ်တွေ ကောက်၀တ်ရင်း
ဖုန်းနဲ့ပိုက်ဆံအိတ်ယူကာထွက်လာခဲ့၏ ။
ကောင်တာက ကိုသီဟ ကို
"အစ်ကို ကျွန်တော်ပြန်ပြီ မနေ့ကစောင့်ရှောက်ထားတာ ကျေးဇူး ခင်ဗျားအခန်းထဲမှာ  ကဒ် တစ်ကဒ် ထားခဲ့တယ် "
"ဟာ အဲ့လောက်မလိုပါဘူးကွ ပြန်ယူသွား "
"အာ  မဟုတ်တာ ကဒ်ထဲမှာလည်း ၂သိန်းလားပဲရှိတာပါ မနေ့က ကျွန်တော် အခြေအနေအတော်ဆိုးတာ  ယူထားလိုက်ပါ "
"ဟာ  ကိုလင်းယောင် ပြန်တော့မှာလား "
"အင်း အိန်ဂျယ် "
"ကိုကို မပါဘူးလား မလာတာကြာပြီနော် "
"အေး တေဇ မအားဘူး နယ်ဘက်သွားတယ် "
"အိန်ဂျယ် ကလွမ်းနေတယ်လို့ပြောလိုက်ပါဦး"
"အင်းပါ ဒါပေမဲ့ မင်းရဲ့တေဇက စော်ရနေပြီ သိပ်မမျှော်နဲ့ အသစ်ပြောင်းလိုက်ပါကွာ "
"ဟင် အဲ့တာကြောင့် အိန်ဂျယ်ကိုမေ့ထားတာပေါ့ မုန်းလိုက်တာ ဟွန့် "
" သူပြန်လာမှတစ်ခေါက်လာမယ် အစ်ကိုရော အိန်ဂျယ်ရော သွားပြီနော် "
နှုတ်ဆက်ကာ ထွက်လာခဲ့၏။
အိန်ဂျယ် ဆိုတာ barက အဆိုတော်မလေးတစ်ယောက်ပါ ။
လင်းယောင်တို့ လူပျိုပေါက်အရွယ်ကတည်းက လာနေတော့ တော်တော်ရင်းနှီးခဲ့ပြီလေ
ထိုကောင်မလေးက တေဇ ဆိုအသေရရအရှင်ရရကြိုက်တာ
သူ့ရုပ်ကလေးက မဆိုးပါဘူး သီချင်းအဆိုလည်းကောင်းတယ်
ဘာပဲဖြစ်ဖြစ် အိန်ဂျယ့်ကိုလည်းမမျှော်လင့်စေချင်ဘူး တေဇဆိုတဲ့ကောင်က စိုပြေ့မှမဟုတ်ရင် မိန်းမထင်တဲ့ကောင်မဟုတ်တာ သူသာအသိဆုံးမို့ ပိုပိုသာသာစော်ရပြီလို့ပြောခဲ့လိုက်သည်။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now