Part (25) Uni/Zawgyi

Start from the beginning
                                    

ငါ့ဖုန်းကိုဘာလို့မကိုင်တာပါလိမ့်

နားနားကပ်ထားတဲ့ ဖုန်းထဲက

"အင်း "

ဆိုတဲ့သူမအသံကြောင့် လင်းယောင် ရှေ့ဆက်မတိုးပဲ ထိုနေရာ၌သာ ရပ်နေရင်း

"ဪ  မ ဘာလို့ဖုန်းမကိုင်တာလဲ ကျွန်တော်လာနေပြီ "

"အင်း လင်းယောင် မလာနဲ့တော့ ငါ Night dutyလည်းရှိတယ် အိမ်မပြန်တော့ဘူး"

"ဘာဖြစ်လို့လဲ ကျွန်တော်က ရောက်ခါနီး....."

"ဒီနေ့မလာခဲ့နဲ့  ငါ ငါ sorry မလာခဲ့ပါနဲ့ "

ဖုန်းချသွားသောကြောင့် လင်းယောင် မျက်မှောင်ကုပ်ကျသွားသည်။

ဦးထွဋ် ရှိနေတာကို ငါ့ကိုဘာလို့မလာခိုင်းတာလဲ ဒေါသဖြစ်မိတာတော့အမှန်ပဲ

လင်းယောင် လက်သီးကို ကျစ်ကျစ်ဆုတ်ပြီး ရုံးခန်းထဲ၀င်သွားချင်ပေမဲ့

မ ကတောင်းတောင်းပန်ပန်နဲ့မလာနဲ့တဲ့

ကိစ္စတစ်ခုကိုအသေချာမသိသဖြင့်
လင်းယောင် ရှေ့မတိုးသေး ပြီးတော့ ဆေးရုံမှာ မဟုတ်လား  သူမသိက္ခာရော  အဘိုးသိက္ခာရောရှိသေးတာပဲ သို့သော် မပြန်သေးဘဲ ရပ်ကြည့်နေမိသည် ။

*
*

"ကဲ ခေ ခေ့ရဲ့ခေါင်းထဲမှာ ဒီကိစ္စကို ထည့်ထားပေါ့  ခေနဲ့လင်းယောင် ဖြစ်သင့်လားဆိုတာ ကိုယ်တော့ပြန်ပြီ မနက်ကျတွေ့တာပေါ့ "

သူမ ခေါင်းလေးကိုဖွဖွလေးပုတ်၍ ထွက်သွား၏ ။ လင်းယောင် ဦးထွဋ် ပြန်သွားကာမှ
အနည်းငယ်စိတ်အေးရပေမဲဲ့ မ ကဘာဖြစ်နေတာလဲ ဖုန်းထပ်ဆက် ကြည့်ပြန်တော့လည်း

"မ "

"လင်းယောင် ဒီနေ့တော့ ငါ မတွေ့ချင်ဘူး မင်း အိမ်ပြန်ပါတော့ "

"မ ဘာဖြစ်နေတာလဲ ကျွန်တော့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့"

ငါ မင်းမျက်နှာကိုဘယ်လိုကြည့်ရမလဲ လင်းယောင်ရယ်  ဟင့် ငါ့ကြောင့် မင်းမိဘတွေ သေရတာ ငါ့ကြောင့် ......

"ငါ စကားလည်းမပြောချင်ဘူး ခုလောလောဆယ် မင်းလာမတွေ့ပါနဲ့ ဖုန်းလည်းမဆက်နဲ့"

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now