ရှုပ်ထွေးလွန်းသော အရိပ်မြုံ (အပိုင်း၁၀)- Uni and Zaw

1.6K 76 2
                                    

Uni

"ဟာ အမမုံ ဘယ်လိုလုပ်ဒီကို....အ့"

မုံတစ်ယောက် ဖူးလက်ကိုအတင်းဆောင့်ဆွဲပြီး မုံ့ ကားပေါ်သို့ခေါ်လာလေသည်။

'မင်း ငြိမ်ငြိမ်ထိုင်ပြီးလိုက်ခဲ့စမ်း "

"ရှင်ဒါဘာလုပ်ဝာာလဲ  ဟိုမှာ ကျွန်မသူငယ်ချင်းတစ်ယောက်တည်းကျန်ခဲ့ပြီ ရှင် ခုချက်ချင်းလော့ဖွင့်ပေး ဖွင့်ပေးလို့။"

ကားကို တစ်နေရာသို့မောင်းကာရပ်လိုက်ပြီး ဖူးဘက်သို့လှည့်ကာ ဖူးအလိုမပါပဲ နှုတ်ခမ်းအားဆွဲနမ်းပလိုက်သည်။ ဖူးလည်း ရုတ်တရက်ဆိုတော့ကြောင်သွားပြီး သတိပြန်ဝင်လာမှ ရုန်းပေမယ့် အားကုန်တာပဲ အဖက်တင်သည်။
အတော်ကြာမှ သူ လွတ်ပေးလိုက်ပြီး

'ဆောတီး ကိုယ်စိတ်တွေအရမ်းဆတ်ပြီးလောသွားလို့"

"ရွှတ် အင့်"

"ဟယ် မင်းငိုနေတာလား ကိုယ်နမ်းလိုက်လို့လား"

နမ်းလိုက်လို့ငိုဝာာ ဝင့်ဖြူတွဲသမျှတစ်လျောက်လုံးမ‌တွေ့ဖူးပါ။ သူနဲ့ကျမှ အထူးအဆန်းကိုဖြစ်လို့

"ရှင်နဲ့ကျွန်မဘာမှ မပြောချင်တော့ဘူး ကျွန်မသူငယိချင်းရှိရာကိုပြန်ပို့ပေး"

"မင်း မင်းကွာ ခုထိ အဲ့ သူငယ်ချင်းကိုပဲစိတ်ပူနေတာလား ကိုယ်ကရော"

"ဘာကိုရှင်လဲ ရှင်နဲ့ကျမကဘာမှမှမဆိုင်တာကို ခုချက်ချင်းကျမကို ကျမသူငယ်ချင်းမြူခိုးရိပ်ဆီပြန်ပို့ပေးပါ ကျမသူငယ်ချင်းအရမ်းလန့်သွားမှာ သူ သူဆီပဲပြန်ပို့ပေးပါနော်။"

"တောက်စ် ပြီးရောကွာ"

မုံဝင့်ဖြူဆိုတဲ့ ဆရာဝန်မလေးက ပြောတော့ ဆရာဝန်ပေမယ့်လုံးဝစိတ်မရှည်တတ်တဲ့သူစားလေးပါ။ ခုတော့ပွင့်ဖူးငုံ မြူ့ကိုဖက်နေတာမြင်ပြီး စိတ်ဆိုးပြီးဆွဲလား ရမ်းလားလုပ်တော့ ကော်ဖီဆိုင်မှာကျန်ခဲ့တဲ့မြူမှာတော့

"သွားပြီ ဖူးကို ပြန်ပေးဆွဲသွားတာလား ဟုတ်တယ် ဖူးကိုဖုန်းဆက်ရမယ် သူနဲ့အသိလားဆိုပြီး...."

"မြူခိုး ဖုန်းဆက်သော်လည်း မကိုင် ဆက်သွယ်မှုဧရိယာပြင်ပတဲ့"

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Onde as histórias ganham vida. Descobre agora