no.16 a heart of gold or...

188 18 0
                                    

...Uni...
တိမ်ပင်လယ် ကို မြင်ရဖို့ အစောကြီးထသွားရတဲ့အခါ မနက်ခင်းလေက ခိုက်တုန်နေအောင်အေးတယ်။
အရှေ့ဘက်က ထွက်တဲ့နေလုံးနီက ငါတို့ကားဖြူ လေးနောက် လိုက်နေတာတောင် သီချင်းအဆိုမပြတ်ခဲ့တဲ့ မင်းနှုတ်ခမ်းတွေက အိမ်မက်ထဲကထက် ပိုပြီး ပြာနေတယ်။

ငါ တောင်အစွန်းပေါ်တက်တဲ့အခါ မင်းက 'ဂရုစိုက် ပြုတ်ကျမယ်နော်' လို့ပြောတော့ ကျေနပ်မိတဲ့ငါက မင်းရိုက်ပေးတဲ့ ဓာတ်ပုံတွေတိုင်း ပေါက်ကရဖြစ်တဲ့အထိ ဆောက်တည်ရာ မရခဲ့ဘူး။

မင်းက ငါ့ကိုမေ့ပြီး တခြားသူတွေနဲ့ ပုံတွေရိုက်ပြီး ပျော်နေတဲ့အခါ မကြည်လာတဲ့စိတ်တွေက မင်းရဲ့စကားတခွန်းနဲ့ ငါ့ကိုခိုးရိုက်လိုက်တဲ့ ဆူပုတ်ပုတ်ပုံလေးရှေ့မှာ အကုန်ပျောက်ထွက်ကုန်တယ်။

Coffee bar မှာ UNO ဆော့ပြီး ဂျစ်တစ်တစ်လုပ်ခဲ့တာတွေ အစားတွေ လုစားခဲ့တာတွေအပြင်
ပန်းချီကားတွေရှေ့ ဓာတ်ပုံ ရိုက်ခိုင်းလို့ ငါ့ဖုန်းနဲ့ ရိုက်ခဲ့တဲ့ မင်းပုံလေးကော ငါတို့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကော အခုထိ ငါ သိမ်းထားနေတုန်းပဲ

ခရီးကပြန်လို့ တောင်ဆင်းတောင်တက်လမ်းမှာ ငါမူးနေတာတောင် မမူးဟန်ဆောင်နေမိတဲ့အထိ ငါပျော်နေခဲ့တယ် နောက်ဖြစ်မယ့် အဖြစ်ပျက်တွေကို မမြင်ခင်အထိ ဆိုပါတော့....

လူတိုင်းကို ဂရုစိုက်တတ်တဲ့ မင်းက ငါ့ကိုတော့ နောက်ပိုင်းမှာ ပိုပြီးရှောင်လာခဲ့တယ် ပိုပြီး မသိဟန်ဆောင်လာခဲ့တယ်

ဒါတွေဟာ ဘာကြောင့်ဆိုတဲ့ အဖြေတွေအားလုံးက ငါက မိန်းမ တစ်ယောက်ဖြစ်ပြီး မင်းကလည်း မိန်းမတစ်ယောက် ဖြစ်နေတယ် ဆိုတာနဲ့ အမြဲ အဆုံးသတ်တယ်။

မင်းချစ်တဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားခဲ့တာတောင် ငါက မင်းချစ်တဲ့လူ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတဲ့ အသိက ပိုခိုင်မာလာပြီး ငါဟာ တဖြည်းဖြည်း အရူးရင့်လာ လေရဲ့..

''ငါ နင့်ကို ချစ်တာ သိတယ်မလား သက်ညှို့''

ဒီလိုမျိုး မနေနိုင်တဲ့ အဆုံးမှာ မင်းကိုငါ ဖွင့်ပြောမိလိမ့်မယ်။ ဒီထက်ပိုပြီး ဆုံးရှုံးဖို့ မရှိတော့သလို ဝေးဖို့လည်း မရှိတော့ဘူး အထင်နဲ့ မင်း ကို ငါ ဖွင့်ပြောတယ် ။

Always Belong To YouWhere stories live. Discover now