ရှုပ်ထွေးလွန်းသော အရိပ်မြုံ (အပိုင်း၉)- Uni and Zaw

Start from the beginning
                                    

Flash Back 🔙🔙🔙

"သခင်လေး ကော်ဖီရပါပြီ။"

"အော် ဧည်သည်ကိုပေးလိုက်ပါ ကြီးစိန်"

ကြီးစိန်မှ ရွှေစင်အား ကော်ဖီလှမ်းပေးနေချိန်မှာ မိုးသစ်ပြောလိုက်သော စကားကြောင့်.....

"ကျနော် ရှေ့မျက်နှာနောက်ထားပြီးပြောပါရစေ ကျနော် ငြင်းပါရစေ ကျနော် နှလုံးသားမပါပဲ လက်မခံချင်လို့ပါ။"

"ခွမ်း....."

"အာ့ ကျွတ်ကျွတ်"

"ဟာ ကြီးစိန်လည်းကော်ဖီစင်သွားတာပဲ အကျီ သွားလဲပြီးသန့်စင်လိုက်ပါ။"

"ရပါတယ် သခင်လေး ဒီက ဧည့်သည်လည်း စင်သွားတော့ ဒီက ကလေးမပဲ အရင်သွားလိုက်ပါ။ ရေချိုးခန်းကို ကြီးစိန်လိုက်ပြပေးမယ်။"

"ရပါတယ်အန်တီရယ် အန်တီအရင်လုပ်လိုက်ပါ။ ဟို အကို အကိုတို့အပေါ်ထပ်မှာရေချိုးခန်းသန့်စင်ဖို့ရှိတယ်မလား ရွှေစင်အပေါ်ထပ်မှာပဲ လုပ်လိုက်မယ်လေ။ အရမ်းလည်းပူနေတော့..."

မိုးသစ်လည်းမတားတော့ပါ။ ‌နှစ်ယောက်လုံးလည်းရွဲနေတော့

"ဟုတ်ပြီ ဟုတ်ပြီ ကျနော့်နောက်လိုက်ခဲ့"

မိုးသစ်အခန်းထဲက ရေချိုးခန်းအားရွှေစင်ကိုပြပြီးအခန်းပြင် ထွက်စောင့်နေလိုက်သည်။ ခဏကြောတော့ အထဲမှ ရွှေစင့်အသံကြားတော့ ပြေးဝင်ကြည့်ရင်း တံခါးဟနေခဲ့သည်။

"အား..!!!!"

"ရွှေစင် အဆင်ပြေရဲ့လား ဘာဖြစ်တာ...."

"ဘုန်း!!!!"

"အ့"

ရွှေစင် မိုးသစ်ကို ပုခုံးကတော့ဆောင့်တွန်းပြီး ကုတင်ပေါ်ကိုပစ်ချပြီး အပေါ်မှ အုပ်မိုးလိုက်သည်။

"မင်း ဒါဘာလုပ်တာလဲ"

"ရွှေစင့်ကိုလေ လက်မခံချင်ဘူးဆိုရင်တောင် ခုလက်ခံရတော့မှာ။ ဘာလို့လဲ သိလား။ "

ရွှေစင် ကျယ်လောင်စွာအော်ရီလိုက်ပြီး....

"ရှင်နဲ့တစ်ညတာ ကုန်ဆုံးပြီး အဖေကို လက်ထပ်ပွဲစီစဉ်ခိုင်းမလို့ ဟား ဟား"

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Where stories live. Discover now