Part (20) Uni/Zawgyi

Start from the beginning
                                    

"ဟင်း... စိုပြေ က သူမရှိဘူးထင်လို့ အေးဆေးအိပ်နေတာ ကျောင်းသွားဖို့လည်းဘာမှလုပ်ရသေးတာမဟုတ်ဘူး ပြီးတော့ ခေါင်းလည်းကိုက်နေတယ် "

"ဟယ် ဟုတ်လား သမီး  အဲ နေပါဦး မျက်ကွင်းတွေညိုနေပါလား  သမီးအိပ်မပျော်ဘူးလားကွယ် အစားလည်းမှန်မှန်စာပါဦး ဒေါ်မြ ဟင်းကောင်းကောင်းလေးချက်ပေးမယ်လေကွယ် နော် "

ခါတိုင်းဆို မိတ်ကပ်နဲ့ဖုံးနေလို့ မမြင်ရတာပါ စိုပြေ မျက်ကွင်းတွေညိုနေတာတော်တော်ကြာပြီ

"ဟုတ်  ဦးအေး ကိုပြောလိုက်ပါဦးနော် စိုပြေ ကျောင်းမသွားဘူး လို့ ကားနဲ့စောင့်နေမှာဆိုးလို့ "

"သြော် အေးအေး သမီး ဗိုက်ဆာရင် လှမ်းခေါ်လိုက်နော် ဒေါ်ဒေါ် ထမင်းအပေါ်ယူခဲ့မယ် "

"ဟုတ် စိုပြေ အိပ်လိုက်ဦးမယ် နော "

"အေးအေး သမီး "

ဒေါ်ဒေါ်မြ အခန်းတံခါးလေးပြန်ပိတ်ပေးသွားတော့ သူမ လည်း စောင်ခေါင်းမူးခြုံကာ လှဲလိုက်သည် ။

တကယ်ကိုခေါင်းထဲက ထိုးကျဉ်ကိုက်ခဲနေတာ
ဒေါ်ဒေါ်ကစိတ်ပူတတ်တယ်မခံမရက်နိုင် ကိုက်နေတာသိရင် သေချာပေါက် မေမေ့ကိုသွားပြောတော့မှာမေမေ့ကိုပြောရင်ပိုဆိုးမှာသိနေတယ်လေ သူမ ကြိတ်မှိတ်ခံစားပါသည် ။

အိပ်ဆေးတွေခဏခဏသောက်လို့ဖြစ်နိုင်မည်ထင်၏ ။နာရီ၀က်လောက်ရှိပြီ ကြိတ်ပြီး အိပ်နေတာ ဘာမှလည်းမစားထားတော့ပိုဆိုးလာ၏။အခုလောလောဆယ် ခေါင်းအရမ်းကိုက်တာကလွဲပြီး ဘာမှမသိတော့ပေ ။

အသိစိတ်ကလည်းတခြားရောက်သွားတယ်ထင်ပါရဲ့ သူမ ဘေးကဖုန်းကိုကောက်ကာ

Contact list ထိပ်ဆုံးက
" 😒Tay Za 😁"
ကို နှိပ်လိုက်မိသည် ။

သူမနေမကောင်းတိုင်း သူ့ကိုပဲ ခေါ်နေကျပင်မဟုတ်လားအမြဲတမ်းအနားရောက်လာတတ်သည့်သူမို့ခေါ်လိုက်မိတာ ငါမှားသွားလား ဖုန်းမကိုင်တာမို့ ထူးစမ်းစွာတွေးနေမိသည်။

*
*

တေဇသည် ကုမ္ပဏီကသူ့ရုံးခန်းထဲတွင်
စာရင်းတွေကြည့်ရင်း ဖုန်းသံမြည်တာမို့

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now